ခိုက်ရန်ဖြစ်ပွားမှုတွင် ပါဝင်ခဲ့သည့် မက်ဂွိုင်းယား ဂရိတရားရုံးတွင် အမှုရင်ဆိုင်

မန်ယူနိုက်တက် နောက်ခံလူ မက်ဂွိုင်းယားဟာ ဂရိနိုင်ငံ ခိုက်ရန်ဖြစ်ပွားမှုမှာ ပါဝင်ခဲ့မှုနဲ့ပတ်သက်ပြီး တရားရုံးမှာ လာရောက်ရင်ဆိုင်ပါတယ်။  သြဂုတ် ၂၁ ရက်က ဂရိနိုင်ငံက မိုင်ကိုနို့စ်ကျွန်းစုမှာ မက်ဂွိုင်းယား ပါဝင်တဲ့ ဗြိတိန်နိုင်ငံသားအဖွဲ့နဲ့ တခြားနိုင်ငံခြားသားအုပ်စုတစ်စုတို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာပါ။ အဲဒီရန်ပွဲမှာ မက်ဂွိုင်းယားနဲ့အဖွဲ့က မိုင်ကိုနို့စ်ကျွန်းစု ရဲတပ်ဖွဲ့ဝင်တွေကိုပါ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ပွဲအတွင်းမှာ မက်ဂွိုင်းယားနဲ့ သူငယ်ချင်း ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး  တခြား ၅ ဦးကတော့ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ မက်ဂွိုင်းယားပါ လူ ၈ ဦးကို ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်တိုက်ခိုက်မှု၊ ဆဲဆိုမှု အစရှိတဲ့ စွဲချက်တွေနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။  မန်ယူနိုက်တက်အသင်းဘက်ကလည်း အသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့ အမှုအပေါ် အတည်ပြုခဲ့ပြီး တရားရင်ဆိုင်နေကြောင်း သတင်းထုတ်ပြန်ပါတယ်။ 

//
More News
Up