Thursday, June 8, 2023
HomeLead Storyနိုင်ငံတကာအာကာသစခန်းအတွင်း လေစိမ့်ဝင်မှုကို ရှာဖွေမည်

နိုင်ငံတကာအာကာသစခန်းအတွင်း လေစိမ့်ဝင်မှုကို ရှာဖွေမည်

နိုင်ငံတကာအာကာသစခန်းက ယာဉ်မှူး ၃ ယောက်တို့ဟာ ဒီသီတင်းပတ်ကုန်မှာ  ယာဉ်ခန်း အတွင်း လေစိမ့်ဝင်တာကို ရှာဖွေသွားကြမယ်လို့  နာဆာနဲ့ ရော့စ်ကော့စ်မော့တို့က  သြဂုတ်လ ၂၀ ရက်မှာ ပြောကြားပါတယ်။ 

၂၀၁၉ စက်တင်ဘာတုန်းက ယာဉ်မှူးတွေဟာ  အာကာယာဉ်အတွင်း အနည်းငယ် လေစိမ့်ဝင်တာကို တွေ့ခဲ့တယ်လို့ နာဆာသတင်းထုတ်ပြန်ချက်က ဆိုပါတယ်။  

ဒါကြောင့်  ယာဉ်မှူးတွေအနေနဲ့  အာကာသစခန်း  ဝင်ထွက်တံခါးပေါက်တွေကို ပိတ်ပြီး   လေဖိအားကို စောင့်ကြည့်ကာ လေစိ့မ်ဝင်မှုဖြစ်ရတဲ့အကြောင်းရင်းကို စုံစမ်းမယ်လို့ ဖော်ပြခဲ့ ပါတယ်။ 

 အဲဒီ လေစိမ့်ဝင်မှုဟာ ယာဉ်မှူးတွေနဲ့ အာကာသစခန်းအပေါ် ချက်ချင်းအန္တရာယ် ဖြစ်နိုင်တဲ့ အခြေအနေ မရှိဘူးလို့လည်း  နာဆာနဲ့ ရော့စ်ကော့စ်မော့တို့က ဆိုပါတယ်။  

ယာဉ်မှူး ၃ ယောက်ဟာ အမေရိကန်နာဆာအာကာသယာဉ်မှူး ခရစ်ကတ်စီဒီ၊ ရုရှား ယာဉ်မှူး အိုင်ဗန်ဗက်ဂ်နာနဲ့  အနာတိုလီအိုင်ဗန်နစ်ရှင်တို့ ဖြစ်တယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular