A d v e r t i s e m e n t With Us

ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ဆီဗီလာနှင့်အင်တာမီလန် လေ့ကျင့်ခန်းလုပ်

ဆီဗီလာနဲ့ အင်တာမီလန်အသင်းတို့ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် နောက်ဆုံး လေ့ကျင့်ခန်းအစီအစဉ်တွေကို သြဂုတ် ၂၁ ရက်က ပြုလုပ်ခဲ့ကြပါတယ်။  ယူရိုပါလိဂ်ဗိုလ်လုပွဲကို ဂျာမနီနိုင်ငံ ကိုလုံးမြို့မှာ ကျင်းပမှာဖြစ်ပြီး ဩဂုတ် ၂၂ မနက် ၁ နာရီခွဲ ယှဉ်ပြိုင်ကြမှာပါ။  ဩဂုတ် ၂၀ ရက်ကလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ ဆီဗီလာနည်းပြ လိုပက်တီဂူက အင်တာမီလန်တိုက်စစ်အတွဲကို ချီးကျူးခဲ့ပြီး ကမ္ဘာ့အဆင့်မီတိုက်စစ်ဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။  အင်တာနည်းပြ ကွန်တီကတော့ ဒီပွဲမှာအနိုင်ရတဲ့အသင်းက ကိုယ့်သမိုင်းကို ရေးထိုးနိုင်သွား လိမ့်မယ်လို့ ဆိုပါတယ်။  ဆီဗီလာက ဆီမီးဖိုင်နယ်မှာ နာမည်ကြီး မန်ယူနိုက်တက်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ကျော်ဖြတ်လာခဲ့တာပါ။  အင်တာမီလန်ကတော့ ယူကရိန်းကလပ်ရှက်တာဒိုးနက်ကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up