A d v e r t i s e m e n t With Us

ပီရူးနိုင်ငံသား ကလေးငယ်များ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုးလာ

ပီရူးနိုင်ငံက ကလေးတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ အရေအတွက်  တိုးလာတာကြောင့်  သတိပေး  တပ်လှန့်ထားပါတယ်။  ပီရူးကျန်းမာရေးဝန်ကြီးဌာန အချက်အလက်တွေအရ ပိုးကူးစက်ကလေးငယ်နဲ့ ဆယ်ကျော်သက်  ၁၀၈ ယောက် သေဆုံးထားပြီး အများစုဟာ ကင်ဆာလို နဂိုရောဂါအခံ ရှိသူတွေ  ဖြစ်ပါတယ်။   ဒါကြောင့်မို့  ပီရူးသမ္မတ ဗစ်ဇ်ကာရာက ကလေးငယ်တွေ  အပြင်ထွက်ချိန်ကို မိနစ် ၃၀ အထိ ကန့်သတ်ခဲ့ပြီး နေအိမ်ကနေ အများဆုံးမီတာ ၅၀၀ ဝန်းကျင်အထိသာ ခွင့်ပြုခဲ့ပါတယ်။ ကလေးတွေအပေါ် ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုသက်ရောက်လဲဆိုတာ တိတိကျကျ လေ့လာ ထားတာမျိုးက  မရှိပါဘူး။    ကနဦးလေ့လာချက် ရလဒ်တွေအရ  ကလေးတွေမှာ ကိုဗစ်-၁၉ ရောဂါ ဆိုးဆိုးရွားရွား ဖြစ်တာမျိုးက ရှားပြီး လူကြီးတွေထက်စာရင် ရလဒ် ပိုကောင်းတတ်ပါတယ်။  ကိုရိုနာဗိုင်းရ်ပ်စ်နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း ပီရူးနိုင်ငံမှာ ကူးစက်သူ   တစ်သိန်းအထိ ရှိလာပြီး ပိုးစတွေ့တဲ့ မတ်လနောက်ပိုင်း စံချိန်တင်အများဆုံး  ဖြစ်ပါတယ်။  ပီရူးနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ လက်တင်အမေရိကနိုင်ငံတွေမှာ ဒုတိယအ များဆုံးနဲ့ ကမ္ဘာမှာ ဆဌမအများဆုံးဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up