မြစ်ကြီးနား - ပူတာအို လမ်းပေါ်ရှိ ဖုန်အင်တံတား ကျိုးကျ
DVB
·
August 21, 2020
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ပူတာအို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်က ဖုန်အင်တံတား ဒီနေ့မနက်ပိုင်းက ကျိုးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၂၁ ရက် မနက် ၄ နာရီလောက်မှာ မြစ်ကြီးနားကနေ ပူတာအိုကိုသွားတဲ့ ကုန်တင်ကား တစီးကြောင့် တံတားကျိုးသွားတာလို့ ပြောပါတယ်။
ဖုန်အင်တံတားဟာ ဆွမ်ဘရာဘွန်နဲ့ ပူတာအိုကြားမှာ တည်ရှိပြီး တံတားကျိုးပျက်တဲ့ အတွက် ကုန်ဈေးနှုန်းမြင့်တက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
သတင်း၊ ဓာတ်ပုံ - ဖေနောင်းအောင်