တရုတ်ကမ်းလွန်တွင် သင်္ဘော ၂ စင်းတိုက်၊ ၁၄ ဦးပျောက်ဆုံး

1.2K
တရုတ်ကမ်းလွန်မှာ သြဂုတ် ၂၀ ရက် မနက်အစောပိုင်းက ရေနံတင်သင်္ဘောနဲ့ ကုန်သင်္ဘောတို့ တိုက်မိပြီး သင်္ဘောအမှုထမ်း ၁၄ ယောက် ပျောက်ဆုံးနေပါတယ်။
ယန်ဇီမြစ်၀အရှေ့တောင်ပိုင်း ရေမိုင် ၁ ဒသမ ၅ မိုင် အကွာမှာ သင်္ဘောနှစ်စင်း တိုက်မိပြီး အမှုထမ်း ၃ ယောက်ကို ကယ်ဆယ်ထားတယ်လို့ ရှန်ဟိုင်းရေကြောင်း အာဏာပိုင်တွေက ပြောဆို ပါတယ်။
ဓာတ်ဆီ တန်ချိန် ၃၀၀၀ တင်ဆောင်လာတဲ့ ရေနံတင်သင်္ဘောဟာ သဲ၊ ကျောက်တို့ တင်လာတဲ့ ကုန်သင်္ဘောနဲ့ ဝင်တိုက်မိခဲ့တာပါ။
အဲဒီနောက် ရေနံတင်သင်္ဘော ကုန်းပတ်ပိုင်း မီးလောင်ခဲ့ပြီး နောက်ပိုင်း နစ်မြုပ်သွားတယ်လို့ ဆင်ဟွာ သတင်းဌာနက ဆိုပါတယ်။
သင်္ဘော နှစ်စင်း တိုက်မိလို့ လောင်ခဲ့တဲ့မီးကို ကယ်ဆယ်ရေး ရေယာဉ်တစ်စီးက လာရောက် ငြှိမ်းသတ်ခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။