A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ်ပွဲစဉ် ၁ တွင် လက်ရှိချန်ပီယံလီဗာပူး လိဒ်ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရမည်

ပရီးမီးယားလိဂ်ရာသီသစ်ရဲ့ ပွဲစဉ်ဇယားထုတ်ပြန်ခဲ့ရာမှာ လက်ရှိချန်ပီယံ လီဗာပူးက တန်းတက် လိဒ်ယူနိုက်တက်နဲ့ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။  ၂၀၂၀-၂၀၂၁ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁ ကို လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့ စတင်ယှဉ်ပြိုင်ကြမှာပါ။  ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကစားခဲ့ကြတဲ့ မန်ယူနိုက်တက်နဲ့ မန်စီးတီးတို့အသင်းတွေကတော့ နားချိန်ပေးထားတဲ့အတွက် တပတ် နောက် ကျပြီးမှ ကစားကြမှာပါ။  တခြားထိပ်တန်းအသင်းတွေထဲမှာ ချဲလ်ဆီးက ဘရိုက်တန်၊ စပါးက အဲဗာတန်၊ လက်စတာက ဝက်စ်ဘရွန်း၊ အာဆင်နယ်က ဖူဟမ်အသင်းတွေနဲ့ ပွဲစဉ် ၁ မှာ ရင်ဆိုင် ကစားရမှာဖြစ်ပါတယ်။  ချန်ပီယံလီဗာပူးအသင်းက ပွဲစဉ် ၁၀ အတွင်းမှာ ပွဲကျပ်တွေများနေပြီး ချဲလ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး၊ လက်စတာ အစရှိတဲ့ အသင်းတွေနဲ့ကစားရမှာဖြစ်ပါတယ်။  ပွဲစဉ်အားလုံးကို ကွင်းပိတ်ကျင်းပမှာဖြစ်ပြီး အောက်တိုဘာ ၃ ရက် ကစားမယ့် မန်ယူနဲ့ စပါးပွဲစဉ်က စပြီး ပရိသတ်တွေကို ဝင်ရောက်ကြည့်ရှုခွင့်ပေးဖို့ရှိပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up