A d v e r t i s e m e n t With Us

စစ်တွေမြို့တွင် ပြည်ပခရီးသွားရာဇဝင်မရှိသည့် ကိုဗစ်-၁၉ လူနာသစ် ၃ ဦး တွေ့ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၂၈၅ ခု၊ ဆေးသုတေသနဦးစီးဌာနက  ဓာတ်ခွဲနမူနာ ၁၆၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၁၇၉ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၁၇၆ ခု၊ စုစုပေါင်း ၈၀၀ ခု အား ဒီနေ့ညနေ စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာသစ် ၃ ဦး တွေ့ရှိခဲ့တာပါ။ အသက် ၃၈ နှစ်အရွယ် လူနာသစ်အမှတ်  ၃၉၇ (မ) နဲ့ အသက် ၈၃ နှစ်အရွယ် လူနာသစ်အမှတ် ၃၉၉ (ကျား) တို့က ကိုဗစ်-၁၉ လူနာတွေနဲ့ ထိတွေ့မှုမရှိခဲ့ဘဲ အသက် ၂၈ နှစ်အရွယ် လူနာသစ် အမှတ် ၃၉၈ (မ) ကတော့ လူနာအမှတ် ၃၉၅ နဲ့ ထိတွေမှုရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သူတို့ ၃ ဦးကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်၊ မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၉၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ  စုစုပေါင်း ၃၃၃ ဦးထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၃၁ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၄ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up