မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
A
d
v
e
r
t
i
s
e
m
e
n
t
With Us
ထိုင်းတွင် နက်စ်ကော်ဖီတံဆိပ်တုနှင့် ဟင်းချိုမှုန့်တုများ ဖမ်းဆီး
ထိုင်းနိုင်ငံအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင်နဲ့ ထိုင်းအလယ်ပိုင်း ဆမွတ်ပရကန်ခရိုင်ထဲမှာ နက်စ်ကော်ဖီတံဆိပ်တုနဲ့ အာဂျီနိုမိုတိုဟင်းချိုမှုန့်အတုတွေ ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သ တင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ ကော်ဖီ နဲ့ ဟင်းချိုမှုန့် စတဲ့ စားသုံးကုန်ပစ္စည်းအတုအပရောင်းချနေကြောင်း တိုင်ကြားချက်ရရှိတဲ့အတွက် စီးပွားရေးဆိုင်ရာရာဇဝတ်မှုကာကွယ်နှိမ်နင်းရေးတပ်ဖွဲ့၊ ပစ္စည်း မှန်ကုမ္ပဏီကိုယ်စားလှယ်နဲ့ နယ်မြေခံရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ ဒီကနေ့မနက်ပိုင်းက ခရိုင် ၂ ခုထဲရှိ နေရာ ၄ ခုကို ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာလို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
တာဝန်ရှိသူတွေဟာ အရင်ဆုံး ချွန်းပူးရီးခရိုင် ဆီရီရားချားမြို့ ဆီရီရားချားရပ်ကွက်ထဲရှိ ကုန်စုံဆိုင်တဆိုင်ကို ဝင်ရောက်စစ်ဆေးပြီး အဲဒီဆိုင်ထဲကနေ စုစုပေါင်း ၄၆၂၀၀ ဘတ်တန်ဖိုးရှိ
နက်စ်တံဆိပ်အတုပါ ကော်ဖီထုတ်ပေါင်း ၃၀၈ ထုတ်ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ဒါနဲ့ ပတ်သက်ပြီး ဆိုင်ရှင်ဖြစ်သူ နန်းဆောင်ဖတ်ချရား ( ၅၈ နှစ်) ကို တပါးသူမှတရားဝင်မှတ်ပုံတင်ထားတဲ့ မူပိုင်ကုန်ပစ္စည်းအား တုပရောင်းချမှုနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။
အဲဒီနောက် တာဝန်ရှိသူတွေဟာ ဆမွတ်ပရကန်ခရိုင် ဆမွတ်ပရကန်မြို့ ဖက်ကဆာရပ်ကွက် နခွန်းဘန်ဘူဈေးထဲရှိ ကုန်စုံဆိုင် ၂ ဆိုင်ထဲကနေ ဘတ် ၅၃၀၀၀ တန်ဖိုး-ရှိ အာဂျီနိုမိုတိုတံဆိပ်တု ဟင်းချိုမှုန့်အထုတ်ကြီး ၂၆၆ ထုတ်၊ ဘန်ဖရီမြို့ ဘန်ဖရီဈေးကြီးထဲက ဘတ် ၂၄၀၀၀ တန်ဖိုးရှိ အာဂျီနိုမိုတိုတံဆိပ်တု ဟင်းချိုမှုန့်တွေကိုလည်း ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ အဆိုပါ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဆိုင်ရှင် ၃ ဦးမှာလည်း အရေးယူခံရမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ မူပိုင်မှတ်ပုံတင်ထားတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို တုပရောင်းချတယ်ဆိုရင် စီးပွါးရေးဆိုင်ရာရာဇဝတ်မှုဥပဒေအရ ထောင်ဒဏ် ၄ နှစ်ထက်မပို သို့မဟုတ် ငွေဒဏ် ဘတ် ၄ သိန်းထက်မပို ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံးကျခံရမယ်လို့ ဖော်ပြထားပါတယ်။
တရားမဝင်စားသောက်ကုန်ပစ္စည်းတွေဟာ စံချိန်မမီတဲ့ ကုန်ကြမ်းတွေနဲ့ပြုလုပ်ထားလို့ စားသုံးသူတွေအတွက်လည်း ကျန်းမာရေးအန္တရာယ်ရှိကြောင်း၊ ဒါကြောင့် ကုန်ပစ္စည်းတွေကို စိတ်ချယုံကြည်ရတဲ့ဆိုင်တွေမှာ သတိထားဝယ်ယူသုံးစွဲသင့်ကြောင်း၊ အတုအပရောင်းချမှုတွေ တွေ့ရှိပါက သက်ဆိုင်ရာကို အကြောင်းကြားစေလိုကြောင်း အမှတ် ၁ ဒေသ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုကာကွယ်နှိမ်နင်းရေးတပ်ဖွဲ့မှ ရဲမှူးကြီး ဖတ်ထနားဖုန်း ဆီရီဖင်းဖော့က သတင်း ထောက်တွေကို ပြောသွားပါတယ်။
ကိုးကား -
thairath.co.
Tags
ထိုင်း
နက်စ်ကော်ဖီ
ဖမ်းဆီး
ဟင်းချိုမှုန့်
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up