Home
မြန်မာသတင်း
မကွေးတိုင်း လွှတ်တော်တွင်ထားမည့် ဗိုလ်ချုပ်ရုပ်တု ထုဆစ်မှု ပြီးစီး
DVB
·
August 20, 2020
118273156_2738684466374961_8698580300628982162_n
117645853_2738684523041622_2641860009522127828_n
117640275_2738684566374951_7687713212548635219_n
117591663_2738684496374958_1976733268039054605_n
မကွေးတိုင်း လွှတ်တော်မှာထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို ထုဆစ် ပြီးစီးသွားပြီလို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာက ပြောပါတယ်။ "ဗိုလ်ချုပ်က တိုင်းပြုပြည်ပြု လွှတ်တော်ကို ကောင်းကောင်းတက်နေတဲ့ပုံ၊ ပုံမှာ တောင်ရှည်ပုဆိုးနဲ့ တိုက်ပုံနဲ့၊ တောင်ရှည်ပုဆိုးကို လက်တဖက်က မထားတဲ့ပုံမျိုးပေါ့။ တောင်ရှည်ပုဆိုးက ထူးထူးခြားခြားပေါ့။ မောက်ကျက်သရေ ခေါင်းပေါင်းပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ တက်တာမဟုတ်ဘူး။ ဦးအောင်ဆန်းအနေနဲ့ တက်တဲ့ပုံမျိုး။ ပထမဆုံး လွှတ်တော်မှာ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဗိုလ်ချုပ်ဦးဆောင်ကျင်းပတဲ့ လွှတ်တော်မှာ ပထမဆုံး စတတ်တဲ့ပုံ။" မကွေးတိုင်းဒေသကြီး လွှတ်တော်မှာ ထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အများကဲ့သို့ ကြေးသွန်းရုပ်တုပြုလုပ်ကာ မထားချင်တဲ့အတွက် တတုံးတည်း စကျင်ကျောက်ကို ရှာဖွေထုဆစ်ရတာ ဖြစ်ပြီး အချိန်ကာလ တစ်နှစ်ခွဲ ဝန်းကျင်ကြာခဲ့တယ်လို့ ဆိုပါတယ်။ အမြင့် ၁၆ ပေရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အလေးချိန် တန် ၃၀ ရှိ တစ်တုံးတည်း စကျင်ကျောက်ကို မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ စကျင်ကျောက်တွေ ထုဆစ်တဲ့ စကျင်ရွာမှာ ရုပ်ပုံထုဆစ်ပုံဖော်ခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်လို့ သယ်ယူနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အဆိုပါ လွှတ်တော်မှာ ထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်း စကျင်ကျောက်ရုပ်တုပုံကို နိုင်ငံတော် အစိုးရငွေ သုံးစွဲပြုလုပ်ခြင်းမဟုတ်ဘဲ စေတနာရှင်အလှူငွေတွေနဲ့ ဆောင်ရွက်ထားရှိကြောင်း၊ ရုပ်တုကုန်ကျစရိတ်ကို မတွက်ချက်ရသေးရတာကြောင့် မသိရသေးဘူးလို့လည်း လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။ ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024