Home
အနုပညာ
စမ်းစမ်းနွဲ့(သာယာဝတီ)၏ “ရွက်လွှင့်ရေဆန်-၇၅” ဩဂုတ် ၂၈ ရက်နေ့ ထွက်မည်
DVB
·
August 20, 2020
118228196_3219981684703929_5392157971626647921_o
       စာရေးဆရာမကြီး စမ်းစမ်းနွဲ့(သာယာဝတီ)ရဲ့ -“ရွက်လွှင့်ရေဆန်-၇၅”အမည်ရတဲ့ စာအုပ်ကို လာမယ့် ဩဂုတ်လ ၂၈ ရက်နေ့မှာ ဖြန့်ချိတော့မယ်လို့ သိရပါတယ်။        ဆရာမကြီး စမ်းစမ်းနွဲ့(သာယာဝတီ) လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက သူ့စာအုပ်ကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့တဲ့ “ခေါက်ထီးကလေး မလုံ့ တလုံကို ပြန်လည်အမှတ်ရမိကြမှာ ဖြစ်ပြီး ကိုကိုကံရာဇာ၊ တခါတုန်းကတော့ မဟေသီ၊ စကားမပြောနဲ့တဲ့မောင်၊ သတ္တိရှိရင်မြေကြီးနင်းကြည့်ပါလား၊ ကမ္ဘာကြီးနဲ့ ကိုင်ပေါက်မယ်၊ နေပွင့်ပန်း၏ အပြာရောင်စာမျက်နှာသစ်၊ တစ်ကောင်တည်းပဲ ဒါပေမယ့်ခြင်္သေ့၊ စာရေးဆရာ သင်းရီ၊ ဝင်းဝင်းမြင့်(နန်းတော်ရှေ့ )တို့နဲ့ တွဲဖက်ရေးသားခဲ့တဲ့ အနီတစ်စက်အနက်တစ်ရာစတဲ့ စာအုပ်တွေဟာလည်း ထင်ရှားတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။        ၁၉၄၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဆရာမကြီးဟာ အခုနှစ်မှာတော့ ၇၅ နှစ်ပြည့်ခဲ့ပြီဖြစ်ကာ ခုအသစ်ထွက်ရှိမယ့် -“ရွက်လွှင့်ရေဆန်-၇၅”စာအုပ်ကတော့ ဆရာမကြီးရဲ့ အသက် ၇၅ နှစ်ပြည့် စိန်ရတုမွေးနေ့အထိမ်းအမှတ်အနေနဲ့ ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။        ဒီစာအုပ်ထဲမှာတော့ ဆရာမကြီး ရေးသားခဲ့သမျှတွေထဲကနေ ဘဝပုံရိပ်တွေကို ဖမ်းဆုပ်လို့ ရနိုင်မယ့် စာ၊ ကဗျာ အများစုကို စုစည်းထုတ်ဝေထားတာဖြစ်ကာ ကဗျာ၊ ဆောင်းပါး၊ ထောင်အတွေ့အကြုံ၊ စာပေရေးရာများ၊ ဝေဖန်တုံ့ပြန်ချက်များ၊ အင်တာဗျူး၊ မွေးနေ့အမှတ်တရစာများ၊ လွမ်းတစာများ၊ သတင်းဝတ္ထု၊ ဝတ္ထုတို၊ ဝတ္ထုရှည် စတဲ့ ကဏ္ဍတွေ ပါဝင်တယ်လို့ ဆိုပါတယ်။        ဒီစာအုပ်ကိုတော့ တန်ဖိုးကျပ် ၇,၅၀၀ နဲ့ ဇလပ်နီစာပေက ဖြန့်ချိသွားမှာဖြစ်ပြီး စာရေးသူရဲ့ အမှတ်တရလက်မှတ်နဲ့အတူ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024