A d v e r t i s e m e n t With Us

စစ်တွေမြို့ကလာသူများ ရန်ကုန်တွင် Quarantine ဝင်ရမည်

ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ  ရန်ကုန်ကို လာရောက်မယ့်သူတွေဟာ ရန်ကုန်မြို့မှာ Quarantine ဝင်ရောက်ရမှာဖြစ်ပြီး ဓာတ်ခွဲနမူနာ ၂ ကြိမ်ယူရမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သူရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ Hotel Quarantine ဒါမှမဟုတ်  Facility Quarantine ရွေးချယ်နိုင်ပြီး  အသေးစိတ်ကို ဆက်လက်ဖော်ပြမယ်လိုလည်း ရေးသားထားပါတယ်။  အခုရက်ပိုင်း စစ်တွေမှာ ပြည်တွင်းကူးစက်မှုတွေ ရက်ဆက်ဆိုသလို တွေ့လာပြီးတဲ့နောက်ပိုင်းမှာ အခုလို သတ်မှတ်ချက်ကို ထားရှိလိုက်တာဖြစ်ပါတယ်။  စစ်တွေမြို့မှာ ဒီနေ့မနက်ပိုင်းအထိ ပြည်တွင်းကူးစက်လူနာ ၆ ဦး တွေ့ရှိထားပြီဖြစ်သလို သံသယ စောင့်ကြည့်လူနာတွေလည်း ရှိနေတယ်လို့ စုံစမ်းသိရပါတယ်။  စစ်တွေမြို့မှာ ပိုးတွေ့လူနာတွေ နေထိုင်တဲ့ ရပ်ကွက်တွေကို အသွားအလာ ကန့်သတ်ထားသလို လူနာတွေနဲ့ ထိတွေ့သူတွေနဲ့ လုပ်ငန်းခွင်တခုတည်းမှာ အတူတူလုပ်ကိုင်နေသူတွေကိုလည်း အသွားအလာကန့်သတ်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၉၆ ဦး၊  သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၃၃ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ   ၃၂၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၆ ဦးရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up