စစ်တပ်ပိုင်မြေများကို နှစ်ရှည်ငှားမည်
DVB
·
June 13, 2013
ကာကွယ်ရေးဝန်ကြီးဌာနဟာ စစ်တပ်ပိုင် ရန်ကုန်တိုင်းအတွင်း နေရာ ၃ နေရာက မြေ ဧက ၂၀၀ ကျော်၊ မန္တလေးတိုင်းအတွင်း နေရာ ၈ နေရာက မြေဧက ၇၀ကျော်နဲ့ အဆောက်အဦ ၂၇ လုံးတို့ကို နှစ်ရှည် ငှားရမ်းပေးသွားမှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေအနေနဲ့ ဇူလိုင် ၁၅ ရက်နေ့မတိုင်ခင် တင်ဒါ တင်သွင်းဖို့ စစ်ထောက်ချုပ်ရုံးက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
ဒီမြေကွက်တွေနဲ့ အဆောက်အဦတွေကို ဟိုတယ်၊ ဈေးဝယ်စင်တာ၊ ဆေးရုံ၊ လူနေ တိုက်ခန်း၊ ပုဂ္ဂလိက စာသင်ကျောင်းနဲ့ စက်မှုလုပ်ငန်းတွေ လုပ်ကိုင်နိုင်တယ်လို့ တင်ဒါကြော်ငြာမှာ ဖော်ပြထားပါတယ်။ ဒီမြေနဲ့ အဆောက်အဦငှားရမ်းခကို နိုင်ငံတော်ရငွေအဖြစ် ပေးသွင်းရမယ်လို့လည်း သတ်မှတ်ထားပါတယ်။
မြန်မာ့တပ်မတော်ဟာ အရင် ရန်ကုန်မြို့က စစ်တပ်ပိုင်မြေကွက်နဲ့ အဆောက်အဦတွေကို ထိပ်ပိုင်းအရာရှိကြီးတွေနဲ့ နီးစပ်တဲ့လုပ်ငန်းရှင်တွေကို ဈေးပေါပေါနဲ့ လက်သိပ်ထိုး၊ ငှားတာနဲ့ ရောင်းတာ လုပ်ခဲ့ပေမယ့် အခုတကြိမ်တော့ အခြားဝန်ကြီးဌာန နည်းတူ ပွင့်ပွင့်လင်းလင်း တင်ဒါ ခေါ်ယူလာတာပါ။