A d v e r t i s e m e n t With Us

မကွေးတိုင်းအတွင်း လူဦးရေအားလုံးအတွက် စားသုံးဆီ ၈၇၂ တန် ထောက်ပံ့မည့်

ကိုဗစ်-၁၉ ကာလအတွင်း မကွေးတိုင်းဒေသကြီးက လူဦးရေ အားလုံးအတွက် စားသုံးဆီ ၈၇၂ ခွဲတန်ရရှိပြီး ထောက်ပံ့ပေးသွားမယ်လို့ စားသုံးသူရေးရာဦးစီးဌာနက ပြောပါတယ်။ မကွေးတိုင်း စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဝင်းက "ကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်းမှာ နိုင်ငံတော်က ပြည်သူတွေအတွက် ဆန်နဲ့ ဆီထောက်ပံပေးမှာဖြစ်ပြီး လောလောဆယ် မကွေးတိုင်းအတွက် စားသုံးဆီ ၈၇၂ တန် ခွဲတမ်းရရှိတာဖြစ်တယ်။ စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ COVID-19 အရေးပေါ်ကာလအတွင်းမှာ ပြည်သူ တွေအတွက် ရိက္ခာပြတ်လတ်မှုမရှိအောင် အရန်ဆန်နဲ့စားသုံးဆီတွေ ဝယ်ယူသိုလှောင်ထားတာ ဖြစ်တယ်”လို့ ပြောပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့တဲ့နှစ်စာရင်းတွေအရ လူဦးရေ ၃ဒသမ၉ သန်းရှိပြီး အခုနှစ်မှာ လူဦးရေ ၄ သန်းခန့်ရှိနေတဲ့အတွက် ယခင်နှစ်စာရင်းအတိုင်း ရရှိတဲ့ခွဲတမ်းကို ၄ သန်းနဲ့မျှအောင်လို့ တဦးကို စားအုန်းဆီ ၁၂ ကျပ်သားခန့် ပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒီပစ္စည်းတွေ သိုလ်လှောင်ထားတာနဲ့နေရာတွေကို သဘာဝဘေးဖြစ်မှာစိုးလို့ ဝန်ထမ်းတွေ တာဝန်ချထားပြီး တိုင်းအစိုးရအဖွဲ့ကိုတင်ပြကာ ဗဟိုကညွှန်ကြားချက်ရတာနဲ့ ချက်ချင်းဖြန့်ဝေပေး သွားမယ်လို့ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး

A d v e r t i s e m e n t With Us

More News
Up