စီးပွားရေးဖိုရမ်ကြောင့် မြန်မာအပေါ် ကမ္ဘာက ပြန်ယုံကြည်လာ- ဒု-၀န်ကြီး ဦးဆက်အောင်
DVB
·
June 13, 2013
မြန်မာပြည်မှာ ကျင်းပခဲ့တဲ့ အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်ကြောင့် မြန်မာ့ပုံရိပ် မြင့်တက်ခဲ့ရသလို ယုံကြည်မှုကိုလည်း ပြန်ရခဲ့ပြီး ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတွေ လာရောက် ရင်းနှီးမြှုပ်နှံမယ့် အလားအလာကောင်းတွေရရှိခဲ့တယ်လို့ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးဆက်အောင်က ဒီဗွီဘီကို ပြောပါတယ်။
ဒီလို ကုမ္ပဏီမျိုးတွေ ၀င်ရောက်မှ ရေရှည်နဲ့ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေ ရရှိမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒု-၀န်ကြီးဦးဆက်အောင်ကို ရန်ကုန်အခြေစိုက် ဒီဗွီဘီသတင်းထောက် ဦးသိုက်ဇင်က မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
Photo by Jimmy Walsh