A d v e r t i s e m e n t With Us

မြဝတီ သဲဖြူချောင်းဂိတ်တွင် သိန်းပေါင်း ၁ သန်းကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးများ ဖမ်းမိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြန်မာ-ထိုင်းနယ်စပ် သဲဖြူချောင်းဂိတ်မှာ ကျပ်သိန်းပေါင်း ၁ သန်းကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးတွေ ဖမ်းမိရခဲ့ပါတယ်။  သြဂုတ် ၁၉ ရက်နေ့ မနက် ၁၁ နာရီအချိန်က  မြဝတီမြို့ဘက်ကနေ  မောင်းနှင်လာတဲ့ ကားကို DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်အမှတ် ၁ ဗျူဟာ တပ်ရင်း ၉၀၉ ဂိတ်မှာ စစ်ဆေးရာမှ ကားနောက်မှာ တင်ဆောင်လာတဲ့  မူးယစ်ဆေး ICE ကီလို ၁၈၀၀ ကို  ဖမ်းဆီးရမိခဲ့တာပါ။ ကာလတန်ဖိုး တစ်ကီလို ကျပ်သိန်း ၆၀၀ ရှိပြီး လက်ရှိ ဖမ်းမိထားတဲ့  မူးယစ်ဆေးတွေဟာ ကျပ် သိန်းပေါင်း ၁ သန်းကျော် တန်ဖိုးရှိပါတယ်။  ICE မူးယစ်ဆေးတွေ ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်း ၁ ဦးနဲ့ လိုက်ပါသူ ၃ ဦးတို့ ကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ သြဂုတ် ၁၀ ရက်နေ့ကလည်း  ICE မူးယစ်ဆေး ၃၉၁ ကီလို ကို ထိုင်း-မြန်မာနယ်စပ်မှာ  ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ဖိုးစီ

A d v e r t i s e m e n t With Us

More News
Up