မြန်အောင်မြို့တွင် ပြည်သူ့ရှေ့ဆောင်ပါတီ ရုံးခန်းဖွင့်လှစ်
DVB
·
August 20, 2020
ဧရာဝတီတိုင်း မြန်အောင်မြို့မှာ သြဂတ်လ ၁၉ ရက်နေ့က ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရုံးခန်းသစ်ဖွင့်ပွဲကို ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီရုံးခန်းဖွင့်ပွဲမှာ မိတ်ဖက်ပါတီက တာဝန်ရှိသူတွေနဲ့ ပါတီဝင် ၃၀ ဝန်းကျင် တက်ရောက်ခဲ့ပြီး ပါတီအထွေထွေ အတွင်းမှူးချုပ် ဦးစောဟန်အေးက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။
“ကျနော်တို့ ပါတီဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ မှာ စတင်မှတ်ပုံကျခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော ပါတီတည် ဆောက်ရေးနဲ့ စည်းရုံးရေးတွေ စတင်ခဲ့ရပါတယ်။ ပါတီရဲ့ အဓိက မူဝါဒတွေကတော့ ခုချိန်ဆိုရင် ၁၀ လသားပါတီပြည့်တောင် မပြည့်သေးပါဘူး။ ကျနော်တို့ပါတီရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဖို့ ကြိုးစားနေပါတယ်။ အဓိကကတော့ လူတိုင်းအတွက် ဝင်ငွေ၊ လူတိုင်းအတွက် အလုပ်အကိုင်၊ လူတိုင်းအတွက် အနာဂတ်ဆိုတဲ့ မူဝါဒ ၂၀၂၀ အတွက် ဖရိမ်ချထားပါတယ်” လို့ ပြည်သူ့အရှေ့ဆောင်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစောဟန်းအေးက ပါတီရုံးဖွင့်ပွဲမှာ ပြောပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ မြို့နယ်ရုံးကို မြန်အောင်မြို့ အမှတ် ၃ ရပ်ကွက် ရုံပွဲလမ်းမှာ ဖွင့်လှစ်ခဲ့တာပါ။
ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ၉၆ မြို့နယ်မှာ ကိုယ်စားလှယ်လောင်း ၂၃၀ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။