A d v e r t i s e m e n t With Us

မွေးရာပါနှလုံးအပေါက်ပါ ကလေးလူနာများအား သရုပ်ဆောင်ချစ်သုဝေ သွားရောက်အားပေး (ဓာတ်ပုံ) 

       ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီး ချစ်သုဝေက ရန်ကင်းကလေးဆေးရုံမှာ တက်ရောက်ကုသနေတဲ့ မွေးရာပါနှလုံးအပေါက်ပါ ကလေးလူနာတွေဆီ သွားရောက် တွေ့ဆုံအားပေးခဲ့ပြီး ကစားစရာအရုပ်တွေကို မေတ္တာလက်ဆောင် ပေးခဲ့ပါတယ်။        ဒီကလေးလူနာတွေကိုတော့ ခင်ပွန်းဖြစ်သူ အဆိုတော်လင်းလင်းနဲ့အတူ ထူ ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းက တာဝန်ယူကုသပေးနေခဲ့တာ ဖြစ်ပါတယ်။        ဒီအကြောင်းနဲ့ပတ်သက်ပြီး ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် ပေါ်မှာတော့ ခုလိုရေးသားပြီး ဓာတ်ပုံတွေနဲ့အတူ မျှဝေထားခဲ့တာပါ။        “ဩဂုတ်လအတွက် ခေတ်သစ်ဖောင်ဒေးရှင်းမှ ကူညီပေးခဲ့သည့် မွေးရာပါနှလုံး အပေါက်ပါ ကလေးလူနာများ ကျန်းမာစွာဖြင့် နေထိုင်လျက်ရှိသည်ကိုတွေရသဖြင့် အင်မတန် ဝမ်းမြောက်မိပါသည်။ ခေတ်သစ်ဖောင်ဒေးရှင်းသို့ ယုံကြည်စွာဖြင့် ဝိုင်းဝန်းလှူဒါန်း ပေးကြပါသော စေတနာရှင်များအား ကျေးဇူးအထူးတင်ရှိသလို ခွဲစိတ်မှုများအား အောင် မြင်စွာဆောင်ရွက်ပေးပါသော မွေးရာပါနှလုံးခွဲစိတ်ကုသရေး (ရန်ကင်းကလေးဆေးရုံ) အဖွဲ့အား ကျေးဇူးအထူးတင်ရှိပါကြောင်း ခေတ်သစ်ဖောင်ဒေးရှင်းမှ မှတ်တမ်းတင်အပ် ပါသည်”        ခေတ်သစ်ဖောင်ဒေးရှင်းကိုတော့ ချစ်သုဝေနဲ့ လင်းလင်းတို့ရဲ့ အမြွှာရင်သွေး ၂ ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ရဲ့ နှစ်နှစ်ပြည့် မွေးနေ့အမှတ်တရအ နေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး မိသားစုမတည် အလှူငွေကျပ်သိန်း ၂၀၀ နဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။        ဖောင်ဒေးရှင်းက အလှူငွေတွေနဲ့ အသက် ၅ နှစ်အောက် အမှန်တကယ် ခွဲစိတ် စရိတ်လိုအပ်နေတဲ့ မွေးရာပါနှလုံးအပေါက်ပါ ရောဂါရှင်ကလေးငယ်တွေအတွက် ရည်ရွယ်လှူဒါန်းမှုတွေ ပြုလုပ်နေတာဖြစ်ကာ နောက်ပိုင်းမှာတော့ တခြားလိုအပ်တဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ ထောက်ပံ့လှူဒါန်းမှုတွေကိုလည်း လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up