A d v e r t i s e m e n t With Us

စစ်တွေမြို့တွင် ပြည်ပခရီးသွားရာဇဝင်မရှိသည့် ကိုဗစ်-၁၉ လူနာသစ် ၂ ဦး တွေ့ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြည်ပခရီးသားရာဇဝင်မရှိတဲ့ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးနဲ့ ၂၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) က  ဓာတ်ခွဲနမူနာ ၅၆၄ ခု၊ ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ကုတင် ၁၀၀၀က  ဓာတ်ခွဲနမူနာ ၉၅ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၆၅၉ ခုကို ဒုတိယသုတ်အဖြစ် စစ်ဆေးခဲ့ပြီး လူနာသစ် ၂ ဦးတွေ့ရှိခဲ့တာပါ။ လူနာသစ် အမှတ် ၃၉၅ (ကျား) ဟာ ကိုဗစ်-၁၉ လူနာအမှတ် ၃၇၅ နဲ့ ထိတွေ့ခဲ့သူဖြစ်ပြီး  လူနာအသစ် အမှတ် ၃၉၆ (မ) ကတော့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိဘဲ သူတို့ကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။ မနေ့ညက ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၀၀၅ ခုကို ပထမအသုတ်အဖြစ် စစ်ဆေးရာမှာလည်း အိန္ဒိယနဲ့ ဖိလစ်ပိုင်က ပြန်လာသူ ၁၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၉၆ ဦး၊  သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၃၃ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ   ၃၂၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၆ ဦးရှိပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၂ သန်းကျော်၊ သေဆုံးသူ ၇ သိန်း ၉ သောင်းကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၅ သန်းကျော်ရှိပြီလို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up