မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် ရုပ်ရှင်ဇာတ်ကားတိုပြိုင်ပွဲဖိတ်ခေါ်
DVB
·
August 19, 2020
အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် ရုပ်ရှင်ဇာတ်ကားတိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုသူတွေကို မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနားကျင်းပရေး၊ ပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီက ဖိတ်ခေါ်ထားပါတယ်။
ဒီပြိုင်ပွဲမှာတော့ ဇာတ်လမ်းရုပ်ရှင်တို (Short Film) ၊ မှတ်တမ်းရုပ်ရှင် (Documentary)နဲ့ ကာတွန်းရုပ်ရှင်(Animation Film) ဆိုပြီး ၃ မျိုး သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင်လိုသူတွေအနေနဲ့ အသက် ၃၅ နှစ်အောက် မြန်မာ့ရုပ်ရှင်ကို စိတ်ဝင်စား တဲ့ နိုင်ငံသားတိုင်း ပါဝင်နိုင်မှာဖြစ်ကာ ပြိုင်ပွဲဝင်အကြောင်းအရာကိုလည်း ရုပ်ရှင်ဖန် တီး မှုနဲ့ နှီးနွယ်တဲ့ အဖြစ်အပျက်တွေနဲ့ စပ်လျဉ်းပြီး အပြုသဘောဆောင်တဲ့ တင်ပြမှုမျိုး ဖြစ် ရမယ်လို့ ဖော်ပြထားပါတယ်။
ရိုက်ကူးမယ့် ကင်မရာ အမျိုးအစားကိုလည်း သတ်မှတ်မထားပဲ ရုပ်သံအရည်အ သွေး Full HD Quality အဆင့်မီရမှာဖြစ်ကာ ဇာတ်လမ်းကြာမြင့်ချိန်ကိုတော့ ၁ မိနစ်က နေ မိနစ် ၂၀ အတွင်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ ယှဉ်ပြိုင်တဲ့ ဇာတ်လမ်းဟာ တခြားရုပ်ရှင်ပြိုင်ပွဲ တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖူးတာ၊ ဒါမှမဟုတ် ဆုရရှိဖူးတာ မဖြစ်ရပဲ ကိုယ်တိုင်ဖန်တီး ထုတ်လုပ်ထားကြောင်း ဝန်ခံချက်နဲ့အတူ ဇာတ်လမ်းပါ အရုပ်၊ အသံ၊ နောက်ခံတေးဂီတ တွေနဲ့ ပတ်သက်ပြီးတော့လည်း တာဝန်ယူရမှာ ဖြစ်ပါတယ်။
ဆုအနေနဲ့ ဒီပြိုင်ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယဆုတွေအပြင် ပရိသတ်အကြိုက်ဆုံး ဆုကိုပါ ရွေးချယ်ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင်ရုပ်ရှင်ကားတိုတွေကိုတော့ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (Film Development Centre-FDC) ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာဆီ ပါဝင်ယှဉ်ပြိုင်သူရဲ့ အမည်၊ အဘအမည်၊ နိုင်ငံသား မှတ်ပုံတင်အမှတ်၊ ပညာအရည်အချင်း၊ ဆက်သွယ်ရမည့်လိပ်စာ၊ အနုပညာလှုပ်ရှားမှု(သို့) အနုပညာနဲ့ ပတ်သက်တဲ့ ဝါသနာ စတာတွေကို ဖော်ပြပြီး လာ မယ့် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပေးပို့သွားရမှာ ဖြစ်ပါတယ်။