A d v e r t i s e m e n t With Us

လီဗာပူးအသင်းသား ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ 

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတစ်ဦး တွေ့တယ်လို့ ဩဂုတ် ၁၈ ရက်မှာ သတင်းထွက်ပေါ်လာပါတယ်။ လီဗာပူးအသင်းဟာ လေ့ကျင့်ရေးအစီစဉ်တွေအတွက် လွန်ခဲ့တဲ့ ၃ ရက်က သြစတြီးယားနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့သတင်းကို သြစတြီးယား Kronen Zeitung သတင်းစာမှာ ဖော်ပြထားပါတယ်။ လက်ရှိအချိန်အထိ ပိုးတွေ့ခဲ့သူဟာ ဘယ်သူဘယ်ဝါ ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသလို၊ ကစားသမားလား၊ အသင်းဝန်ထမ်းလား ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။  လီဗာပူးဟာ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်အတွက် ပြင်သစ်နိုင်ငံကို အစောပိုင်းမှာ ရွေးချယ်ခဲ့ပေမဲ့ ဗြိတိန်အစိုးရက ပြင်သစ်ကို quarantine စာရင်းထဲ ထည့်သွင်းခဲ့တာကြောင့် သြစတြီးယားကို ပြောင်းလဲရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ရောဂါပိုးတွေ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း အသင်းဟာ လေ့ကျင့်ရေး အစီအစဉ်တွေကို ဆက်လက်ပြုလုပ်နေဆဲပဲ ဖြစ်ပါတယ်။  ဗြိတိန်အစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းတွေအရ ကိုဗစ်-၁၉ ကူးစက်ခံရသူဟာ ၁၀ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ လာမယ့်သြဂုတ် ၂၉ ရက်မှာ အာဆင်နယ်အသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲ ကစားရဖို့ ရှိနေပါတယ်။ လီဗာပူးအသင်းသားတွေနဲ့ ထိတွေ့မှုရှိခဲ့သူတိုင်းဟာ  အင်္ဂလန်က မထွက်ခွာခင်နဲ့ သြစတြီးယားကို ရောက်ရှိလာချိန်တွေမှာ ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ဆေးစစ်မှု ခံယူခဲ့ကြရတာ ဖြစ်ပါတယ်။ အလားတူ ပြင်သစ်ကလပ် မာဆေးလ်အသင်းမှာလည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄ ဦး တွေ့ရှိခဲ့တာကြောင့် စိန့်အက်တီအန်နဲ့ ကစားမယ့် ပြင်သစ် လီဂူးအဖွင့်ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ ကနဦးတုန်းက ဒီပွဲကို ဩဂုတ် ၂၁ ရက်မှာ ကစားဖို့ စီစဉ်ထားတာ ဖြစ်ပေမဲ့ ပိုးတွေ့ရှိခဲ့မှုကြောင့် စက်တင်ဘာ ၁၆ ရက်၊ ဒါမှမဟုတ် ၁၇ ရက်ကို ပြောင်းရွှေ့ကစားတော့မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up