ကိုဗစ်-၁၉ ကပ်ရောဂါ လူငယ်တွေလည်း မလွတ်နိုင်ဟု WHO ပြော

851
ကိုဗစ်-၁၉ ကပ်ရောဂါဟာ လူငယ်တွေနဲ့လည်း မလွတ်ကင်းနိုင်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပ်ရောဂါပညာရှင် မာရီယာဗန်ကဲကိုဗက်စ်က သြဂုတ် ၁၈ ရက်မှာ သတိပေးလိုက်ပါတယ်။
ဂျနီဗာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ မာရီယာဗန်ကဲကိုဗက်စ်က “အထူးကြပ်မတ်ကုသဆောင် ICU ကို ရောက်သွားတဲ့ လူငယ်တွေကို တွေ့နေရတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူငယ်တွေ အသက်ဆုံးနေရတယ်”လို့ ပြောသွားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့က ရေကူးကန်ပါတီတစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက် ပူးကပ်နေတဲ့ လူအုပ်ကြီး ဓာတ်ပုံတွေ ထွက်လာတာကို တုံ့ပြန်ပြီး ကဲကိုဗက်စ်က မှတ်ချက်ပြု ပြောဆိုခဲ့တာပါ။
ဒီလထဲမှာ ကမ္ဘာတဝန်း ကူးစက်ခံရသူတွေထဲက လူငယ်အချိုးအစားဟာ မြင့်တက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေး တာဝန်ရှိသူတွေက ပြောထားပါတယ်။
ဒါကြောင့်မို့ ကျန်းမာရေးဝန်ဆောင်မှု အားနည်းပြီး လူနေထူထပ်ရာဒေသက သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ကမ္ဘာတဝန်း ရောဂါကူးလွယ်တဲ့ လူဦးရေ အပိုင်းအခြားကို အန္တရာယ်ဖြစ်စေပါတယ်။
လက်ရှိ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၂ သန်းကျော်ရှိပြီး သေဆုံးသူ ၇၈၄,၀၀၀ ကျော် ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်ဖော်ပြချက်အရ သိရပါတယ်။