Home
မြန်မာသတင်း
ရေးမြို့နယ် ဥပဒေအထောက်အကူပြုအဖွဲ့ထံ တနှစ်အတွင်း  အမှု ၁၀ မှု အကူအညီတောင်းခံ
DVB
·
August 19, 2020
117646132_3029929997128753_7101081828560871715_o
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ထံကို ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ အမှု ၁၀ မှုသာ လာရောက်အကူအညီတောင်းခံမှုရှိတယ်လို့ သိရပါတယ်။ ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့်ရှိသူတွေကို ဥပဒေနဲ့အညီ ရှေ့နေငှားရမ်းခြင်း၊ အသိပညာပေးခြင်း၊ အကြံပေးခြင်း၊ အကူအညီပေးခြင်းနဲ့ သတင်းအချက်အလက်ပေးခြင်းတို့ အတွက် ရေးမြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဆိုပါအဖွဲ့ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက ရှေ့နေ ၅ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပေမယ့် ကနဦးကာလ ရုံးခန်းနေရာ အတည်တကျရရှိရေးနဲ့ အထောက်အကူပစ္စည်းရရှိရေးတို့အတွက် ဆောင်ရွက်ခဲ့ရပြီး ဒေသခံတွေပိုမိုသိရှိလာစေဖို့ ရပ်ကွက်တွေနဲ့ ဝေးလံသီခေါင်တဲ့ဒေသအထိ သွားရောက်ဖို့ အစီအစဉ်ရှိတယ်လို့ အဖွဲ့ ဥက္ကဋ္ဌ  ဦးစိုးသိမ်းက ပြောပါတယ်။ “အဖွဲ့နဲ့ပတ်သက်လို့ လူတွေသိလာအောင် ရပ်ကျေးတွေ ဝေးလံသီခေါင်တဲ့ဒေသတွေအထိ သွားပြီးတော့ ပြောဆိုစည်းရုံးတာတွေ လုပ်ဖို့ရှိပေမယ့် ကိုဗစ်အနေအထားကြောင့် အခြေအနေ ပေးတာနဲ့လုပ်ဖို့ရှိတယ်၊ လက်ရှိက ထွေအုပ်က အကူညီနဲ့ ထွေအုပ်ရုံးမှာပဲဖွင့်ထားတယ်၊ အွန်လိုင်း ကနေတော့အသိပေးဖို့တော့ မရှိသေးပါဘူး '' လို့ပြောပါတယ်။ အဖွဲ့အနေနဲ့ ဥပဒေအရာမှာ မျှတမှုနဲ့ တန်းတူညီမျှမှုအခွင့်အရေးတွေရရှိဖို့၊ ဥပဒေ ပြဿနာတွေကိုဖြေရှင်းတဲ့နေရာမှာ ပွင့်လင်းမြင်သာပြီး တရားမျှတမှုရှိစေဖို့နဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တရားဥပဒေအပေါ် ယုံကြည်မှုမြင့်မားလာစေဖို့အတွက်လည်း ဆောင်ရွက်နေတာလို့ ဦးစိုးသိမ်းက ပြောပါတယ်။ အောင်သုခရပ်ကွက်နေ အငြိမ်းစားအရာရှိတစ်ဦးဖြစ်သူ ဦးအောင်ခိုင်က လည်း “အမှုတစ်ခုခုဖြစ်လို့ရုံးရောက်ပြီဆိုရင် တချို့မနီးစပ်သူတွေဆို အတော့်ကိုခက်ခဲတာ အားလုံးအသိပဲမို့ ဖြေလျော့မှုတွေ လုပ်သင့်တယ်။ နောက်ပြီး ဆိုရှယ်မီဒီယာခေတ်မှာ သတင်းအချက်အလက်တွေကို ပေးလို့ရနေပြီ ဖြစ်လို့ အမှန်တကယ်ဥပဒေအထောက်အကူ လိုအပ်နေသူတွေ ပိုမိုသိရှိလာအောင် ပြောဆိုတိုင်ပင် ဆွေးနွေးမှုတွေ လုပ်သင့်ပါတယ်။''လို့ ပြောပါတယ်။ အဆိုပါအဖွဲ့ထံကို သေဒဏ်ထိုက်တဲ့ပြစ်မှုတွေမှအပ ပြစ်မှုတစ်ခုခုနဲ့ စွပ်စွဲခြင်း၊ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ အကျဉ်းချခြင်းခံရတဲ့ ဆင်းရဲနွမ်းပါးသူ၊ ကလေး သူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူတွေနဲ့ ဒုက္ခသည်တွေအနေနဲ့ ဥပဒေဆိုင်ရာ အထောက်အကူတွေတောင်းခံနိုင်တယ်လို့ သိရပါတယ်။ သတင်း - ဝင်းနိုင်သက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024