ညီနောင်တိုင်းရင်းသားပါတီများ သဘောထားထုတ်ပြန် – မေးမြန်းချက်
နန်းမြနဒီ
·
June 12, 2013
တိုင်းရင်းသားပါတီပေါင်း ၁၅ ဖွဲ့ဟာ ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမှာ ဇွန်လ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် အချက် ၆ ချက်ပါ ကြေညာချက်တစောင်ကို ထုတ်ပြန်လိုက်ပါတယ်။
၁၅ ဖွဲ့ရဲ့ သဘောတူညီချက်အရ ဖက်ဒရယ်ပြည်ထောင်စုပါတီသစ် ဖွဲ့စည်းရေး၊ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးတာကို ကန့်ကွက်ကြောင်း၊ မတရားသင်းဆိုင်ရာ အက်ဥပဒေပုဒ်မ ၁၇(၁)နဲ့ (၂)ကို ပယ်ဖျက်ပေးရေး၊ နိုင်ငံသားမဟုတ်သူတွေကို နိုင်ငံရေးပါတီထူထောင်ခွင့်၊ ရွေးချယ်ခံခွင့်နဲ့ မဲပေးပိုင်ခွင့် မပြုရေး၊ နိုင်ငံရေးပါတီ၊ အစိုးရ၊ ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်တဲ့ ညီလာခံခေါ်ယူပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသားကျေးရွာက လူ့အခွင့် အရေးချိုးဖောက်မှုတွေကို ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူပေးရေးစတဲ့ အချက် ၆ ချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်ထဲမှာ ဖယ်ဒရယ်ပြည်ထောင်စုပါတီသစ် ဖွဲ့စည်းတည်ထောင်ရေးကတော့ အရေးအကြီးဆုံးပဲလို့ ဦးစောသန်းမြင့်က ပြောပါတယ်။
တိုင်းရင်းသား ပါတီများအဖွဲ့ရဲ့ ပြောခွင့်ရ ဦးစောသန်းမြင့်နဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။