ဘာစီလိုနာ အားကစားဒါရိုက်တာ အဲရစ်အဘီဒယ်ကို ရာထူးမှ ထုတ်ပယ်

793
ဘာစီလိုနာအသင်းဟာ အားကစားဒါရိုက်တာ အဲရစ်အဘီဒယ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
နည်းပြချုပ် ဆက်တီယန်ကို ထုတ်ပယ်လိုက်ပြီးနောက် အသင်းရဲ့ အားကစားဒါရိုက်တာ အဘီဒယ်ကို ဆက်ပြီးထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့အပေါ်မှာ အသင်းကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာ နောက်ခံလူဟောင်း အဘီဒယ်ဟာ ၂၀၁၈ ခုနှစ်က စတင်ပြီး အားကစား ဒါရိုက်တာအဖြစ် စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်နောက်ခံလူဟောင်း အဘီဒယ်ဟာ လီယွန်နယ်မက်ဆီနဲ့လည်း ပြဿနာတချို့ ဖြစ်ခဲ့ဖူးလို့ ဝေဖန်ခံခဲ့ရဖူးပါတယ်။
အဲရစ်အဘီဒယ်ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုတွေနဲ့ ကြိုးပမ်းလုပ်ဆောင်ခဲ့မှုတွေအတွက် ကျေးဇူးတင်ရှိပြီး ဘာစီလိုနာ မိသားစုဝင်အားလုံးနဲ့လည်း အပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံရေးတွေ လုပ်ဆောင်နိုင်ခဲ့ကြောင်း ဘာစီလိုနာအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။