A d v e r t i s e m e n t With Us

နယ်စပ်တလျှောက် စစ်တပ်များချထားလိုက်ပြီဟု ဘဲလာရုစ်သမ္မတပြော 

ဘဲလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက သူ့အစိုးရဟာ နိုင်ငံအနောက်ပိုင်း နယ်စပ်တလျှောက်မှာ စစ်တပ်တွေကို တာဝန်ချထားပြီးပြီလို့ သြဂုတ် ၁၈ ရက်မှာ ပြောပါတယ်။ ဒါဟာ နိုင်ငံတွင်းက အခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံခြားအစိုးရတွေရဲ့ ကြေညာချက်ကို တုံ့ပြန်လိုက်တာပဲလို့လည်း သူက ပြောပါတယ်။ တပ်တွေဟာ အပြည့်အဝ တပ်လှန့်ထားကြပြီး တာဝန်ထမ်းဆောင်ဖို့ အသင့်ပဲလို့ လူကာရှန်ကိုက ရုပ်သံအစည်းအဝေးအတွင်း ပြောပါတယ်။ တုံ့ပြန်ရေး လုပ်ဆောင်ချက်တွေကို လုပ်သွားမယ်ဆိုတာလည်း သတိပေးတယ်လို့ သူက ပြောတဲ့အကြောင်း ဘယ်လ်တာသတင်းဌာနမှာ ဖော်ပြပါတယ်။ ဒါ့အပြင် အာဏာသိမ်းနိုင်ဖို့ အားထုတ်တဲ့အနေနဲ့ အတိုက်အခံအဖွဲ့ဝင်တွေက ညှိုနှိုင်းရေး ကောင်စီတရပ် ဖွဲ့စည်းဖို့ သမ္မတက ဆော်သြပါတယ်။

A d v e r t i s e m e n t With Us

More News
Up