ပီအက်စ်ဂျီအသင်း  ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်

ဒီကနေ့မနက်ပိုင်းက ယှဉ်ပြိုင်သွားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပီအက်စ်ဂျီ အသင်းက လိုက်ဇစ်ကို ၃ ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။ ပထမပိုင်း ပွဲချိန် ၁၃ မိနစ်ကတည်းက ပြစ်ဒဏ်ဘောကနေတဆင့် ဒီမာရီယာ ဖြတ်တင်ပေးတာကို မာကွင်ဟို့စ်က ခေါင်းတိုက်သွင်းယူခဲ့လို့ ပီအက်စ်ဂျီတို့ အဖွင့်ဂိုး စောစောရခဲ့တာပါ။ ပထမပိုင်း ပြီးခါနီးမှာလည်း လိုက်ဇစ် ဂိုးသမားရဲ့အမှားကနေတဆင့် ဒီမာရီယာက ဒုတိယ ဂိုးသွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဂျာမန်ကလပ် လိုက်ဇစ်က တိုက်စစ်မှူး ၂ ဦး အပြောင်းအလဲလုပ်ပြီး ကစားခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းကပဲ တတိယဦးဆောင်ဂိုးရခဲ့တာပါ။ ပွဲချိန် ၅၆ မိနစ်မှာပဲနောက်ခံလူ ဘားနက်ဇ်က အနိုင်သေချာစေမယ့် ဂိုးသွင်းခဲ့တာပါ။  အဲဒီနောက် ပီအက်စ်ဂျီအသင်းဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် အမ်ဘာပေနဲ့ နေမာတို့ လွဲချော်ခဲ့ကြလို့ ၃ ဂိုး ဂိုးမရှိနဲ့ပဲ ပွဲပြီးခဲ့တာဖြစ်ပါတယ်။  ဆီမီးဖိုင်နယ်ဒုတိယပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ လိုင်ယွန်တို့ ဒီနေ့ညမှာယှဉ်ပြိုင်ကြမှာဖြစ်ပြီး အသင်းရနိုင်တဲ့အသင်းက ပီအက်စ်ဂျီနဲ့ ဗိုလ်လုပွဲကစား သွားရမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up