A d v e r t i s e m e n t With Us

ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် လက်ခံမှု သမ္မတထရမ့် အိမ်ဖြူတော်မှ ထုတ်လွှင့်မည်

ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ်လက်ခံမှုကို အိမ်ဖြူတော်ကနေ တိုက်ရိုက် ထုတ်လွှင့်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၁၇ ရက်မှာ ပြောဆိုလိုက်ပြီး သမ္မတထရမ့်ရဲ့ ပြောဆိုချက်ကို ဒီမိုကရက်တွေနဲ့ ရီပတ်ဘလီကန်တချို့က ဝေဖန်ခဲ့ပါတယ်။   လူထုသဘောထား ထောက်ခံမှုမှာ ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင် နောက်ကနေ လိုက်နေတဲ့ ထရမ့်က  ရီပတ်ဘလီကန် သမ္မတလောင်း လက်ခံမှုကို အိမ်ဖြူတော် မြက်ခင်းပြင်မှာ လုပ်ကောင်းလုပ်နိုင်တယ်လို့ ပြီးခဲ့တဲ့သတင်းမှာ New York Post သတင်းဌာနကို ပြောပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရီပတ်ဘလီကန်နဲ့ ဒီမိုကရက် ပါတီနှစ်ခုစလုံးဟာ  ပါတီသမ္မတလောင်း ခန့်အပ်မှုပုံစံကို ပြင်ဆင်ရပါတော့တယ်။ ဝီလ်ကွန်ဆင်ပြည်နယ် မီလ်ဝေါလ်ကီမှာ လူကိုယ်တိုင် စုဝေးတက်ရောက်တာထက် ဒီမိုကရက်တွေက အွန်လိုင်းက မိန့်ခွန်းပြောတာ၊ အခမ်းအနားလုပ်တာကို ၄ ည ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ မိန့်ခွန်းတချို့ကို ကြိုတင်အသံသွင်းယူထားတဲ့အတွက် ဒီမိုကရက်တွေကို သမ္မတ ထရမ့်က ဝေဖန်ခဲ့ပါတယ်။ သမ္မတထရမ့်က “လာမယ့် ကြာသပတေးမှာ  အိမ်ဖြူတော်ကနေ တိုက်ရိုက်လွှင့်တဲ့ တကယ့်မိန့်ခွန်းအစစ်ကို ပြောကြားမှာဖြစ်ပြီး ပြောစရာတွေ အများသား”လို့လည်း   ဆိုခဲ့ပြန်ပါတယ်။  ဒါနဲ့ပတ်သက်ပြီး ဒီမိုကရက်တွေက သမ္မတထရမ့်ဟာ သမိုင်းဝင် အိမ်တော်ကို နိုင်ငံရေး အမြတ်ထုတ်တယ်လို့ စွပ်စွဲကြပါတယ်။ ထရမ့်ဟာ အိမ်ဖြူတော်ကို နိုင်ငံရေးမဲဆွယ်မှုအတွက် အသုံးချပြီး ထပ်သိက္ခာချနေတယ်လို့  ထိပ်တန်းဒီမိုကရက်တစ်ဦးဖြစ်တဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီကလည်း ဝေဖန် ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up