Home
မြန်မာသတင်း
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးတွင် ကိုဗစ်-၁၉ ရောဂါမတွေ့ 
DVB
·
August 18, 2020
လွှတ်တော်အစည်းအဝေးတက်မယ့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။  ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေးနဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေကို  ဩဂုတ် ၂၀ ရက်မှာ ပြန်လည် ကျင်းပဖို့ရှိတဲ့အတွက် လွှတ်တော်အမတ်တွေကို ကျန်းမာရေးစစ်ဆေးနေတာပါ။  တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးကို မနေ့က နေပြည်တော်ရှိ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးဖို့ ဓာတ်ခွဲနမူနာတွေရယူပြီး  နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးရှိ Cobas 6800 ရောဂါရှာဖွေစက်နဲ့ စစ်ဆေးခဲ့ရာမှာ  ရောဂါပိုး မတွေ့ရတာလို့ တပ်မတော်သတင်းမှာဖော်ပြပါတယ်။ ဓာတ်ပုံ-DSINFO
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024