A d v e r t i s e m e n t With Us

အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၅၀၀၀၀ ကျော်အထိရှိလာ

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ကပ်ဘေးကြောင့် သေဆုံးသူ ဦးရေဟာ သြဂုတ်လ  ၁၇ ရက်မှာ အယောက် ၅၀၀၀၀ ကျော် ရှိသွားပါပြီ။ နိုင်ငံတွင်း အတည်ပြုပြီးသမျှ ကူးစက်ခံ လူဦးရေ စုစုပေါင်းကတော့ ၂ ဒသမ ၆၅သန်းပါ။ ရောဂါကူးစက်မှုဟာ မြို့အသေးလေးတွေဆီကနေ  ကျေးလက်ဒေသထိ ပျံ့နှံ့ရောက်ရှိသွားတာကို အစိုးရရဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေက ပြနေပါတယ်။ ကမ္ဘာ့ ဒုတိယလူအထူဆုံး နိုင်ငံအိန္ဒိယမှာ ကျန်ခဲ့တဲ့ ၂၄ နာရီ အတွင်း ရောဂါ အသစ် ကူးစက်ခံ ဦးရေ ၅၈၀၀၀ နီးပါးနဲ့ ကူးစက်ခံ သေဆုံးသူ ၉၄၁ ဦးရှိပါတယ်။ အိန္ဒိယဟာ အမေရိကန်နဲ့ ဘရာဇီးပြီးရင် ကမ္ဘာ့ တတိယအများဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ နိုင်ငံဖြစ်ပေမဲ့ ကူးစက်ခံ သေဆုံးနှုန်းကတော့  ၁ ဒသမ ၉ ရာခိုင်နှုန်းသာရှိလို့ ကမ္ဘာ့ပျမ်းမျှ လူသေနှုန်း  ၃ ဒသမ ၅ ရာခိုင်နှုန်းထက် စာရင် အတော်နည်းပါတယ်။ ကျန်ခဲ့တဲ့ ၂၄ နာရီအတွင်း အိန္ဒိယမှာ လူပေါင်း ၇၃၀၀၀၀ ကျော်ကို ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ၊ မရှိ စမ်းသပ်ခဲ့တယ်လို့ အိန္ဒိယ ဆေးဘက်သုတေသနကောင်စီက တနင်္လာနေ့မှာ ပြောပါတယ်။ တရက်ကို လူ ၁ သန်း ရောဂါကူးစက်ခံရမှု ရှိ၊ မရှိ စစ်သွားမယ်လို့ ပြောထားတဲ့ ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ ပန်းတိုင်ကို ရောက်ဖို့ နည်းနည်းပဲ လိုတော့တယ်လို့လည်း ဆိုပါတယ်။ ပညာရှင်တွေကတော့ စမ်းသပ်နှုန်းဟာ နိမ့်လွန်းသေးပြီး ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပမာဏ အတိအကျကို မရှင်းမလင်း ဖြစ်စေလိမ့်မယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up