A d v e r t i s e m e n t With Us

အွန်လိုင်းပေါ် နာမည်ကြီးနေသည့် ထီသည်ကောင်လေးရဲ့ “ကုသအလွမ်း”သီချင်း(ရုပ်သံ)

တချိန်က နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “ကုသအလွမ်း”သီချင်းကို ပိုင်ပိုင်နိုင်နိုင် သီဆိုပြခဲ့သူ ထီသည်ကောင်လေးတယောက်ရဲ့ ရုပ်သံဗီဒီယိုဟာ လတ်တလော အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။ ဒီသီချင်းကိုတော့ တေးသံရှင် ခွန်ပေါရန်းက သီဆိုခဲ့ပြီး နောက်ထပ်တေးသံရှင်တ ယောက်ဖြစ်တဲ့ နန္ဒဧရာကလည်း ပြန်လည်သီဆိုခဲ့ကာ ပရိသတ်တွေ နှစ်ခြိုက်အားပေးမှု ရှိခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။ “ခုနှစ်ဆောင်နန်းက ပပဝတီရယ်… ဒီမောင်ကုသ လွမ်းနေမယ်… သီဆိုကျူးတဲ့ သီချင်းသံကို… ခုနှစ်ဆောင်နန်းက ကြားမယ်ထင် ကြားမယ်ထင်… ဒီမောင်ရုပ်က ဆိုး တာကို… ဘယ်လောက်မုန်းလဲ မုန်းပါကွယ်… ဒီမောင်ကုသ အသည်းမနာတယ်… မ ကြင်ရတဲ့ဘ၀… လွမ်းနေမယ် လွမ်းနေမယ်” ခုတခါမှာတော့ ဒီသီချင်းကို ထီသည်ကောင်လေးတယောက်ရဲ့ ပိုင်ပိုင်နိုင်နိုင် သီဆို ဟန်နဲ့ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကိုတော့ နိုင်ချမ်းမြေ့လို့ ဖော်ပြထားခဲ့ပြီး ဘေးတွဲဆိုင်ကယ် တွန်းလှည်းလေးနဲ့ ထီရောင်းရင်း လက်တန်းသီဆိုရိုက်ကူးထားတဲ့ သီချင်းရုပ်သံနဲ့အတူ အွန်လိုင်းပေါ် အားပေးမှုတွေနဲ့ နာမည်ကြီးနေခဲ့တာပါ။ “ကြင်နာသူရေ စိမ်းလေတော့… ဒီမောင်ငိုမယ် အဆွေးကမ္ဘာထဲဝယ်… ဝေဒနာ တွေ ပေးလေတော့… သေသေချာချာ သိမ်းထားပါ့မယ်… အသည်း..ထဲဝယ်... စိမ်းကား သူ အပြစ်မရှိဘူးကွယ်… မောင်လွမ်းလို့ ငို.. ငိုပါ့မယ်” ဒီသီချင်းရုပ်သံကိုတော့ “ဂီတာ လက်ကွက် စာသားများ စုစည်းရာ”အမည်နဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေပေးထားခဲ့တာဖြစ်ပြီး ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုသူ ၆ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီပို့စ်ကိုတော့ ပြန်လည်မျှဝေသူ၊ ချီးကျူးမှတ်ချက်ပေးသူတွေ ထောင်သောင်းချီ ရှိနေခဲ့ကြပြီး ထီသည်ကောင်လေးရဲ့ သီဆိုမှုအပေါ် အားပေးမှုတွေလည်း များစွာ ရှိနေခဲ့ တာ ဖြစ်ပါတယ်။ “ဒီဘဝအတွက်တော့ ဝေးပြီကွယ်… နောင်ဘဝအတွက်တော့ ဆုပန်ရွယ်… အို ငှက်ဖြစ်တဲ့ဘ၀ နောင်မခွဲ… တစ်ကိုင်းထဲနားဖို့ ဆုပန်ရွယ် ဆုပန်ရွယ်… ကြင်နာသူရေ စိမ်းလေတော့… ဒီမောင်ငိုမယ် အဆွေးကမ္ဘာထဲဝယ်… ဝေဒနာတွေ ပေးလေတော့… သေသေချာချာ သိမ်းထားပါ့မယ်… အသည်း..ထဲဝယ်... စိမ်းကားသူ အပြစ်မရှိဘူးကွယ် … မောင်လွမ်းလို့ ငို.. ငိုပါ့မယ်”

A d v e r t i s e m e n t With Us

More News
Up