A d v e r t i s e m e n t With Us

လင်ဒီလော့ဖ်နှင့်စကားများခဲ့သည့်ကိစ္စ  ဖာနန်ဒက်စ် ပြန်လည်ဖြေရှင်း

ဆီဗီလားအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းဖော် လင်ဒီလော့ဖ်နဲ့ ကွင်းအတွင်း စကားများခဲ့တာနဲ့ပတ်သက်လို့  ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်က ပြန်လည်ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ ဖာနန်ဒက်စ်ရဲ့အစောပိုင်း ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဆီဗီလာအသင်းရဲ့ ချေပဂိုး နှစ်ဂိုးကြောင့် ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ ရှုံးနိမ့်ကာ ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ ဆီဗီလာအသင်းရဲ့အနိုင်ဂိုးကို ပွဲချိန် ၇၈ မိနစ်မှာ လုခ်ဒီဂျောင်က သွင်းယူခဲ့ပြီးနောက် ယူနိုက်တက် ကစားသမားနှစ်ဦးဖြစ်တဲ့ ဖာနန်ဒက်စ်နဲ့ လင်ဒီလော့ဖ်တို့ဟာ ဒီဂိုးနဲ့ပတ်သက်လို့ အပြန်အလှန် ပြောဆိုပြစ်တင်ခဲ့ကြပါတယ်။  ဒါပေမဲ့ ဒါဟာ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စဖြစ်ပြီး ပိုင်ဆိုင်မှု ပြင်းထန်တဲ့ ကစားပွဲတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်တယ်လို့ ဖာနန်ဒက်စ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  “ခင်ဗျားအသင်းရှုံးနေတယ်ဆိုရင် ဒါဟာ ပုံမှန်ပါပဲ။ ဒါဟာ ကျနော်နဲ့ ဗစ်တာ (လင်ဒီလော့ဖ်) တို့ကြားက ပြဿနာ မဟုတ်ပါဘူး။ ကျနော်တို့ကြားမှာ ဖြစ်ခဲ့တဲ့ကိစ္စဟာ သာမန်ကိစ္စတစ်ခုပါ။ ဘောလုံးအားကစားမှာ နောက်ထပ် ဒီလိုကိစ္စတွေ ထပ်ဖြစ်နေဦးမှာပါ။ ကျနော်တို့အနေနဲ့ လူတိုင်းရဲ့ အမှားတွေကနေ တိုးတက်အောင် ဆောင်ရွက်ရပါမယ်။ ကျနော်တို့ လက်ခံလို့ရတာထက်ကို ပိုကောင်းအောင် စတင်နိုင်ခဲ့ပါတယ်။ ကျနော်တို့ပွဲကို ကောင်းကောင်းကစားခဲ့ပြီး အခွင့်အရေးတွေကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘောလုံးအားကစားမှာ အခွင့်အရေး ဖန်တီးနိုင်တာနဲ့တင် မလုံလောက်ပါဘူး။ ကျနော်တို့ဂိုးရှေ့မှာလည်း အခွင့်အရေးတွေကို လွဲချော်ခဲ့ပါတယ် ” လို့ ဖာနန်ဒက်စ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်နှစ်ခုအတွင်း ဆိုးလ်ရှားရဲ့အသင်းဟာ ဂိုးကန်သွင်းခွင့် ၄၆ ကြိမ် ရရှိခဲ့ပေမယ့် ပင်နယ်တီတွေကနေသာ ဂိုးတွေ ရရှိခဲ့ပါတယ်။  ဖာနန်ဒက်စ်ဟာ ဒီရာသီအတွင်း သူ ကန်သွင်းခဲ့တဲ့ ပင်နယ်တီ ၁၄ လုံးလုံးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သူဖြစ်ပြီး သူ့အသင်းအနေနဲ့ ဆီဗီလာနဲ့ပွဲမှာ ဒီထက်ပိုပြီး အင်တိုက်အားတိုက် ကစားခဲ့သင့်တယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up