၈၈ မျိုးဆက်အဖွဲ့ တရုတ်နိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး မေးမြန်းချက်
ရွှေအောင်
·
June 11, 2013
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ တရုတ်ပြည်ခရီးဟာ ထူးခြားမှုတွေ အများကြီးရှိခဲ့တယ်လို့ ခရီးကို ဦးဆောင်သွားရောက်ခဲ့တဲ့ ဦးမြအေးက ပြောပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ တရုတ်ပြည်ခရီးမှာ ကူမင်း၊ မန်စီ၊ ရွှေလီ၊ ပီကင်းနဲ့ ကူမင်းမြို့တို့ကို ရောက်ရှိခဲ့ကြပြီး၊ အဖွဲ့မှာ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားရေးရာတာဝန်ခံ ဦးမြအေး၊ တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးထွန်းမြင့်အောင်၊ ငြိမ်းချမ်းရေးနှင့်တိုင်းရင်းသားရေးရာမှ ဒေါ်မီမီလွင်၊ ဒေါ်စမ်းစမ်းမော်တို့ (၄) ဦး တပတ်ကြာ သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။ ဇွန်လ ၁၁ရက် ဒီနေ့နေ့လယ်ပိုင်းက မြန်မာပြည်ကို ပြန်လည်ရောက်ရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။
ခရီးစဉ်အတွင်း ထူးခြားချက်အခြေအနေ ဦးမြအေးနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။