A d v e r t i s e m e n t With Us

ချက်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ရိုမေးနီးယားတင်းနစ်မယ် ဆိုင်မွန်ဟေးလက်ပ် ချန်ပီယံဖြစ်

ချက်နိုင်ငံ ပရက်မြို့မှာကျင်းပခဲ့တဲ့ WTA တင်းနစ်ပြိုင်ပွဲ အမျိုးသမီးပွဲစဉ်မှာ  ကမ္ဘာ့အဆင့် ၂ ဆိုင်မွန်ဟေးလက်ပ်က အဲလစ်မာတန်စ်ကို ၂ ပွဲပြတ်နဲ့အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ ဆီဒင် ၁ သတ်မှတ်ခံထားရတဲ့ ရိုမေးနီးယားသူ ဟေးလက်ပ်ဟာ ဖေဖော်ဝါရီလနောက်ပိုင်းမှာ  ပထမဆုံး ပြိုင်ပွဲဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။  ဆီမီးဖိုင်နယ်အဆင့်မှာ တစ်နိုင်ငံတည်းသူ ကမ်မယ်လီယာကိုကျော်ဖြတ်လာတဲ့ ဟေးလက်ပ်ဟာ ဗိုလ်လုပွဲမှာ ဘယ်လ်ဂျီယံတင်းနစ်မယ် မာတန်စ်ကို ၆-၂ ၊ ၇-၅ ရလဒ်နဲ့ ချန်ပီယံဖြစ်ခဲ့တာပါ။  မာတန်စ်က ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်ပြီး သူ့ရဲ့လျင်မြန်မှုကြောင့် ကစားရတာခက်ခဲခဲ့ပြီး နောက်ဆုံးအချိန်အထိ အကောင်းဆုံးက စားနိုင်ခဲ့လို့သာ အနိုင်ရရှိခဲ့တာဖြစ်တယ်လို့ ဆိုင်မိုင်ဟေးလက်ပ်က ပြောပါတယ်။  ဗိုလ်လုပွဲကို ၁ နာရီနဲ့ ၃၃ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ရပြီး ဟေးလက်ပ်အတွက် ၂၁ ကြိမ်မြောက် WTA ချန်ပီယံဆုဖလားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အမျိုးသမီး ၂ ယောက်တွဲ ဗိုလ်လုပွဲမှာတော့ ချက်နိုင်ငံက လူစီနဲ့ ခရစ္စတီနာအတွဲက ရိုမေးနီးယားကမိုနီကာနဲ့ ရာလူကာ အတွဲကို ၂ ပွဲပြတ်နဲ့အနိုင်ရခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up