A d v e r t i s e m e n t With Us

ဟုမ္မလင်းမြို့တွင် ချင်းတွင်းမြစ်ရေကြီးနေသဖြင့် မြစ်ကမ်းအနီးနေသူများကို သတိပေး 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့မှာ  ချင်းတွင်းမြစ်ရေကြီးပြီး စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေတာကြောင့် မြို့နယ်အတွင်း မြစ်ကမ်းအနီးနဲ့  မြေနိမ့်ပိုင်းနေထိုင်သူတွေ  အထူးသတိပြု နေထိုင်ကြပါဖို့ မိုးဇလဌာနက တိုက်တွန်းထားပါတယ်။ ဒီနေ့မနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်း မြစ်ရေဟာ  ဟုမ္မလင်းမြို့မှာ  မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၂ လက်မလောက် ကျော်လွန်ရောက်ရှိနေတာ ဖြစ်ပါတယ်။ အဆိုပါမြစ်ရေဟာ လက်ရှိရေမှတ်ကနေ နောက်နှစ်ရက်အတွင်း ၁ ပေလောက် ဆက်လက်တက်လာနိုင်ပြီး  မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up