A d v e r t i s e m e n t With Us

ဆူဒန်စစ်လက်နက်စက်ရုံတစ်ခုအတွင်း  မီးလောင်မှုဖြစ်

ဆူဒန်နိုင်ငံက စစ်တပ်ပိုင် လက်နက်စက်ရုံမှဦ  ကုန်လှောင်ရုံအသေးတခု သြဂုတ်လ ၁၄ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။   မီးလောင်မှုကို  ထိန်းချုပ်နိုင်ခဲ့ပြီလို့  ဆူဒန်အစိုးရသတင်းဌာန ဆူနာက ကြေညာပါတယ်။ ပေါက်ကွဲသံ တချို့ကြားခဲ့တယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ရေးပါတယ်။ မြို့တော်ခါတွန်ရဲ့တောင်ဘက်က စက်ရုံဝင်းထဲမှာ မီးတောက်တွေ ထိုးထွက်လာနေပုံ ဓာတ်ပုံတွေလည်း လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ပြန့်နေပါတယ်။ လူထူတဲ့ အယ်လ်ရှာဂါရာခရိုင်ထဲမှာရှိတဲ့  ဒီစက်ရုံဝင်းထဲကို လူနာတင်ယာဉ် ၆ စီး အမြန်မောင်းဝင်သွားတယ်လို့ ပြည်ထဲရေးဝန်ကြီး ဌာနက ပြောကြားခဲ့ပြီး လူတွေထိခိုက်ဒဏ်ရာရတာ ရှိမရှိတော့ မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up