A d v e r t i s e m e n t With Us

ဆိုလ်းမြို့တွင်  သမ္မတမွန်း၏ အိမ်ခြံမြေဈေးကွက်မူဝါဒကို ဆန်ကျင့်ဆန္ဒပြ

တောင်ကိုရီးယားမြို့တော် ဆိုးလ်မှာ လူစုလူဝေးကို တားမြစ်ထားတဲ့ကြားက  သြဂုတ်လ ၁၅ ရက်မှာတော့  ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ သမ္မတ မွန်းဂျေအင်းရဲ့ မူဝါဒတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။   ဆန္ဒပြသူတွေဟာ သမ္မတ မွန်းရဲ့ အိမ်ခြံမြေ ဈေးကွက်မူဝါဒနဲ့ အစိုးရ ခေါင်းဆောင်ပိုင်းတွေ ပတ်သက်နေတဲ့  လိင်အရှုပ်တော်ပုံ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြကြတာပါ။  ဆန္ဒပြသူ တချို့က “မွန်းဂျေးအင်းကို နှင်ထုတ်ပစ်”ဆိုတဲ့ ပိုစတာတွေကို    ကိုင်ထားပါတယ်။  နောက်ပြီး ဒီဆန္ဒပြပွဲဟာ   ဂျပန်ကိုလိုနီဘ၀ကနေ လွတ်မြောက်တဲ့ အမျိုးသားလွတ်မြောက်ရေး နေ့ နဲ့ တိုက်ဆိုင်တယ်လို့ ရိုက်တာက ရေးပါတယ်။  သြဂုတ်လ ၁၅ ရက်က တောင်ကိုရီးယားမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ  ၁၆၆ ယောက် ရှိပြီး  ၁၅၅ ယောက်က ပြည်တွင်း ကူးစက်သူတွေ ဖြစ်ပါတယ်။  ဒါကြောင့်လည်း အာဏာပိုင်တွေက မြို့တော် ဆိုးလ်မှာ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေရေး အပါအဝင် တင်းကျပ်တဲ့ စည်းကမ်းတွေကို ပြန်ထုတ်ခဲ့ရပါတယ်။   ဒါပေမဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကတော့ စည်းကမ်းချက်တွေကို လစ်လျူရှုပြီး လူထုစည်းဝေးပွဲတွေလုပ်ခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up