A d v e r t i s e m e n t With Us

အာဆင်နယ်အသင်း ဘောလုံးအရာရှိချုပ်ရာထူးနေရာ အပြောင်းအလဲဖြစ်ပေါ်

နီကိုလပ်စ်ပေပေရဲ့ ပြောင်းရွှေ့ကြေး အရှုပ်အထွေး ဖြစ်ပေါ်လာပြီးနောက် ဘောလုံးအရာရှိချုပ် ရာအူးလ်ဆန်ဟီလီဟာ အာဆင်နယ်ကနေ နုတ်ထွက်သွားပါတယ်။  ဆန်ဟီလီဟာ ၂၀၁၈ ခုနှစ်က ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ၂ နှစ်အတွင်းမှာပဲ အသင်းနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ နီကိုလပ်စ်ပေပေအတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း ကုန်ကျခဲ့ရတဲ့အပေါ်မှာ ထိုက်သင့်တဲ့ ပမာဏထက် များပြားခဲ့တယ်လို့ အသင်းတာဝန်ရှိသူတွေက ယူဆနေပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး မကြာခင်မှာပဲ ဆန်ဟီလီ ထွက်ခွာသွားခဲ့တာပါ။  အာဆင်နယ်အသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ဆန်ဟီလီဟာ အာဆင်နယ်မိသားစုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကြီမားတဲ့ကူညီမှုတွေ လုပ်ဆောင်ပေးခဲ့ကြောင်းနဲ့ အဲဒီအတွက် ကျေးဇူးတင်ရှိပြီး အနာဂတ်မှာ အောင်မြင်မှုတွေ ရယူနိုင်ပါစေကြောင်း နှုတ်ဆက်စာ ရေးသားခဲ့ပါတယ်။  အာဆင်နယ်အသင်းဟာ ဆန်ဟီလီရဲ့ နေရာမှာ အသင်းရဲ့ မန်နေးဂျင်းဒါရိုက်တာ ဗင်နိုင်း ဗန်ကာတက်ချ်ဟမ်က အစားထိုး တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up