Home
မြန်မာသတင်း
ကော့သောင်းမြို့က ကိုဗစ်-၁၉ လူနာအမှတ် ၃၅၃  ဆေးရုံမှဆင်းခွင့်ရ 
DVB
·
August 16, 2020
ထိုင်းနိုင်ငံကနေ ပြန်လာသူတွေထဲက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ လူနာအမှတ် ၃၅၃ ကို ဒုတိယအကြိမ်နဲ့ တတိယအကြိမ် စစ်ဆေးရာမှာ ပိုးမတွေ့ရတော့လို့ ဆေးရုံဆင်းခွင့်ပေးလိုက်ပြီလို့ ကော့သောင်းခရိုင် ဆေးရုံအုပ် ဒေါက်တာလင်းထိုက်က ပြောပါတယ်။ “လူနာဟာ ပိုးစတွေ့တဲ့​နေ့ကတည်းက အခုအချိန်ထိ ကျန်းကျန်းမာမာ ရှိတယ်။ အထွေအထူးရောဂါဖြစ်တာမျိုးလည်း မရှိဘူး။ ကျနော်တို့ကတော့ စရောက်လာကတည်းက အထူးကြပ်မတ်ဆောင်မှာ ထားတယ်။ ဆေးကျွေးတယ်၊ စောင့်ကြည့်တယ်၊ သတ်မှတ်ရက်ပြည့်လို့ တို့ဖတ် ယူတယ်။ ဒုတိယအကြိမ် မတွေ့ဘူး။ တတိယအကြိမ် ထပ်ယူတယ်။ ပိုးမတွေ့ဘူးဆိုတော့ အခုဆေးရုံက ဆင်းခိုင်းပြီး Q ဝင်ခိုင်းထားတယ်။ ၁၄ ရက် စောင့်ကြည့်ဦးမယ်”လို့  ပြောပါတယ်။ အဆိုပါလူနာကို ၁၄ ရက် အသွားအလာကန့်သတ် စောင့်ကြည့်ဖို့ နဝရတ်အားကစားရုံ Quarantine Center မှာထားရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ သတင်း - လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024