A d v e r t i s e m e n t With Us

ပေါင်သန်း ၇၀ တန် တီကိုကွင်းလယ်လူ ဆာအူးလ်နီဂွက်ဇ်ကို မန်ယူအသင်း ခေါ်ယူလို

မန်ချက်စတာယူနိုက်တက်အသင်းဟာ တီကိုကွင်းလယ်လူ ဆာအူးလ်နီးဂွက်ဇ်ကို ခေါ်ယူလိုနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။  အသက် ၂၅ နှစ်ရှိ စပိန်ကွင်းလယ်လူဟာ ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်ပြီး ပေါင်သန်း ၇၀ ခန့် တန်ဖိုးရှိတယ်လို့ သိရပါတယ်။  ဒေးလီးစတား သတင်းစာရဲ့ အဆိုအရ ယူနိုက်တက်အသင်းဟာ ပေါ့ဘာ၊ ဘရူနိုဖာနန်ဒက်စ်နဲ့ ဆာအူးလ် ကွင်းလယ်အတွဲကို ပွဲထုတ်ဖို့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ မန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာမယ်ဆိုရင် တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းခွဲ ရရှိမယ်လို့လည်း သတင်းထွက်နေပါတယ်။  ဆာအူးလ်နီဂွက်ဇ်ဟာ အက်သလက်တီကိုအတွက် စုစုပေါင်း ၂၉၆ ပွဲ ကစားပေးထားပါတယ်။  အသင်းနဲ့အတူ ၂၀၁၃-၂၀၁၄ လာလီဂါချန်ပီယံ၊ ယူရိုပါလိဂ်ချန်ပီယံ ၂ ကြိမ်၊ ဥရောပနဲ့ စပိန်စူပါဖလား ၁ ခုစီ ရယူထားပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up