ဒုတိယကမ္ဘာစစ်နှင့်ပတ်သက်၍ နောင်တရမိကြောင်း ဂျပန်ဧကရာဇ်ပြော

ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း ၇၅ နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားမှာ  ဂျပန် ဝန်ကြီးချုပ်  ရှင်ဇိုအာဘေးက စစ်ရဲ့ကြေကွဲဖွယ် ဖြစ်ရပ်မျိုး ထပ်မဖြစ်ဖို့   ကတိပြုလိုက်ပြီး   ဂျပန် ဧကရာဇ် နာရူဟီတိုကလည်း ပြီးခဲ့တဲ့စစ်ပွဲကာလနဲ့ပတ်သက်လို့  နက်နက်ရှိုင်းရှိုင်း နောင်တရမိ တယ်လို့ ပြောဆိုလိုက်ပါတယ်။  သြဂုတ်လ ၁၅ ရက်က မြို့တော်တိုကျိုမှာ  ကျင်းပတဲ့အခမ်းအနားကို  ဧကရာဇ် နာရူဟီတိုနဲ့  မိဖုရား မာဆာကို တို့ တက်ရောက်ခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနှစ်အခမ်းအနားကို အကျဉ်းချုံး ကျင်းပခဲပြီး   ဒုတိယကမ္ဘာစစ်မှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင် ၄၀၀ ခန့်အပါအဝင် စုစုပေါင်းဧည့်ပရိသတ်       ၆၀၀ ခန့်သာ တက်ရောက်ခဲ့ပါတယ်။     ၁၉၃၉  ခုနှစ်ကနေ        ၁၉၄၅  ခုနှစ်အထိ မဟာမိတ်  နိုင်ငံတွေနဲ့ ဝင်ရိုးတန်းနိုင်ငံတွေကြား ဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ်ဟာ  ဂျပန်တို့ ခြွင်းချက်မဲ့လက်နက်ချခြင်းနဲ့အတူ  ပြီးဆုံးခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up