A d v e r t i s e m e n t With Us

ရန်ကုန်တိုင်းတွင် ကိုယ်စားလှယ်လောင်း ၉၅၄ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်

ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စုစုပေါင်း  ၉၅၄ ဦး ရှိနေတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ မူလကကိုယ်စားလှယ်လောင်း  ၉၅၇ ဦး အမည်စာရင်း တင်သွင်းထားတာဖြစ်ပြီး အဲဒီထဲက  ၃ ဦးကတော့ လျှောက်လွှာပြန်ရုပ်သိမ်းသွားတယ်လို့  ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်မိုးကြည်က ပြောပါတယ်။ နိုင်ငံရေးပါတီ ၄၃ ပါတီကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်လောင်း ၉၂၂ ဦးနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းသူ ၃၂   ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။  ပြည်သူ့လွှတ်တော်နေရာ ၂၉၅ ဦး ၊ အမျိုးသားလွှတ်တော်နေရာ ၇၂ ဦးနဲ့ တိုင်းဒေသကြီးလွှတ်တော်နေရာ ၅၇၃ ဦး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာ  ၆ ဦး၊ ကရင်တိုင်းရင်းသားရေးရာ  ၇ ဦး စုစုပေါင်း  ၉၅၄ ဦး အမည်စာရင်း တင်သွင်းခဲ့တာပါ။ လက်ရှိမှာ ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေကို ဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ကိုက်ညီတာ ရှိ၊ မရှိ  သြဂုတ် ၁၁ ရက်မှ ၁၇ ရက်အထိ လွှတ်တော်အလိုက် ကိုယ်စားလှယ်လောင်းရွေးချယ် စိစစ်ရေးအဖွဲ့က  စစ်ဆေးဆောင်ရွက်နေပါတယ်။ သတင်း- နန့်ခိုင် 

A d v e r t i s e m e n t With Us

More News
Up