စာတိုက်ကပို့မည့်မဲများ အချိန်မီရောက်ရန် မသေချာဟု အမေရိကန်စာပို့လုပ်ငန်းသတိပေး

1.4K
အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် စာတိုက်ကနေ ပေးပို့တဲ့သန်းနဲ့ချီတဲ့ ဆန္ဒမဲတွေဟာ ရွေးကောက်ပွဲနေ့မှာ ရေတွက်ဖို့ အချိန်မီ ရောက်ချင်မှ ရောက်နိုင်မယ်လို့ အမေရိကန်စာပို့လုပ်ငန်းက သြဂုတ် ၁၅ ရက်မှာ သတိပေးလိုက်ပါတယ်။
ပြီးခဲ့လတုန်းက နိုင်ငံတဝန်းက ပြည်နယ်တွေကို ပေးပို့ထဲ့ စာထဲမှာ “တချို့အချိန်တွေဟာ ပို့ဆောင်ရေးစံနှုန်းတွေနဲ့ မကိုက်ညီဘူး”ဆိုပြီး စာပို့လုပ်ငန်းက ရေးသားထားပါတယ်။
ပို့ဆောင်ရေးပိုင်း နှေးကွေးတာနဲ့ပတ်သက်လို့ ဝေဖန်သူတွေက သမ္မတ ထရမ့် ထောက်ခံသူ တစ်ဦးဖြစ်တဲ့ စာပို့လုပ်ငန်းအကြီးအကဲကို အပြစ်ဖို့ထားပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လာမယ့်နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတ ရွေး ကောက်ပွဲမှာ စာတိုက်ကနေ မဲပေးမယ့်သူတွေ စံချိန်တင် များမယ်လို့ မျှော်လင့်ရပါတယ်။
သမ္မတ ထရမ့်ကတော့ စာတိုက်ကနေ မဲပေးတာက မဲလိမ်တာကိုဖြစ်စေပြီး ပြိုင်ဘက် ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင်ကို အားသာစေတယ်လို့ ထပ်တလဲလဲ ပြောနေပါတယ်။