A d v e r t i s e m e n t With Us

မကွေးခရိုင်အတွင်း လူဦးရေ ၁၇၀၀ ကျော် သဘာဝဘေးသင့်

မကွေးခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း လူဦးရေ ၁၇၀၀ ကျော် သဘာဝဘေးသင့်ခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ဒီဗွီဘီကို ပြောပါတယ်။ မကွေးခရိုင်မှာ ဇူလိုင်လအတွင်း  မီးဘေး ၁ ကြိမ်၊ ရေဘေး ၁၆ ကြိမ်၊ လေပြင်းဘေး ၃ ကြိမ်၊ ကမ်းပါးပြိုကျမှု ၁၁ ကြိမ်နဲ့ တခြားသဘာဝဘေး ၁ ကြိမ် စုစုပေါင်း ၃၂ ကြိမ် သဘာဝဘေး သင့်ခဲ့ပြီး သဘာဝဘေးဒဏ်ကြောင့် အိမ်ထောင်စုပေါင်း ၄၁၈ စုနဲ့ လူဦးရေ ၁၇၃၄ ဦး သဘာဝဘေး ဒဏ်ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။ သဘာဝဘေးသင့်ခဲ့တဲ့ ပြည်သူတစ်ဦးစီကို  တစ်ပတ်စာ ဆန်ရိက္ခာဖိုး ကျပ်  ၂၁၀၀ နှုန်း ကူညီထောက်ပံ့ခဲ့ပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးတဲ့နေအိမ်တွေကို အိမ်ဆောက်ပစ္စည်းဖိုး ကျပ်  ၃၀၀၀၀၊ ပြိုကျပျက်စီးတဲ့နေအိမ်တွေကို ကျပ် ၁ သိန်းနှုန်း ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးထားတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကနေ သိရပါတယ်။ မင်းထီး

A d v e r t i s e m e n t With Us

More News
Up