အေဂျက်ဇ်အသင်းတွင် ပျော်ရွှင်နေဆဲဟု ဗန်ဒီဘိခ်ပြော

အေဂျက်ဇ်အသင်းမှာ ဆက်ကစားရမယ် ဆိုရင်လည်း စောဒကတက်စရာမရှိကြောင်း ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူပစ်မှတ်ကစားသမား ဗန်ဒီဘိခ်က ပြောပါတယ်။  ဟော်လန်ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ အခုနှစ်ရာသီမှာ စုစုပေါင်း ၁၄ ဂိုး သွင်းခဲ့ပြီး ၇ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အပြောင်းအရွှေ့ကိစ္စတိုင်းက ရှုပ်ထွေးမှုတွေရှိနေပြီး သေချာရေရာမှုမရှိတာကြောင့် အေဂျက်ဇ်အသင်းမှာ ကစားရတာကို ပျော်ရွှင်နေဆဲဖြစ်တယ်လို့ ဗန်ဒီဘိခ်က ပြောပါတယ်။  လာမယ့်ရာသီမှာ အေဂျက်ဇ်မှာပဲ ဆက်ကစားရမယ်ဆိုရင် မိမိဘက်က စောဒကတက်စရာမ မရှိကြောင်း ဗန်ဒီဘိခ်က ပြောပါတယ်။ ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့သွားတဲ့ ဒီလစ်၊ ဘာစီလိုနာကို ရောက်နေတဲ့ ဖရန့်ကီဒီဂျောင်တို့နဲ့အတူ အသင်းအကယ်ဒမီကနေ အတူထွက်ပေါ်လာခဲ့သူ ဖြစ်ပါတယ်။ အေဂျက်ဇ်အတွက် စုစုပေါင်း ၁၇၅ ပွဲ အထိကစားထားပြီး ၄၁ ဂိုးသွင်း ယူနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up