ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ၃၄ ပါတီခေါင်းဆောင်များတွေ့ဆုံ
DVB
·
August 14, 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၃၄ ပါတီက ခေါင်းဆောင်တွေနဲ့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ဒီကနေ့ ဩဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက တွေ့ဆုံပါတယ်။
တွေ့ဆုံရာမှာ ၂၀၂၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူ့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တင်မြှောက်ရာမှာ သိရှိသင့်တဲ့ အချက်တွေနဲ့ ပတ်သက်လို့ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးနေဝင်း၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်၊ ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ပြည်သူ့ ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင် စသူတို့ပါဝင်ပါတယ်။
ဓာတ်ပုံ- DISINFO