A d v e r t i s e m e n t With Us

လိမ်ညာပြောစကားများအပေါ် နောင်တရ ၊ မရ သမ္မတထရမ့် မေးခွန်းထုတ်ခံရ 

သမ္မတတာဝန်ထမ်းဆောင်စဉ်ကာလမှာ  ပြောခဲ့တဲ့အလိမ်အညာတွေ အားလုံးအတွက် နောင်တရသလားဆိုပြီး မေးခဲ့တဲ့သတင်းထောက်ကို သမ္မတဒေါ်နယ်ထရမ့်က ပြန်မဖြေဘဲ ဥပက္ခောပြုခဲ့ပါတယ်။   သြဂုတ် ၁၃ ရက်က လုပ်တဲ့  အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ   ဟက်ဖင်တန်ပို့စ် သတင်းထောက် ရှီရှစ်ဒိတ်က သမ္မတ ထရမ့်ကို  အဲဒီလို မေးခဲ့တာပါ။  အဲဒီမေးခွန်းကြောင့် သမ္မတ ထရမ့် ခေတ္တတုံ့ဆိုင်းခဲ့ပေမယ့် သူ့ကို  ဥပေက္ခာပြုခဲ့ပြီး  တခြား သတင်းထောက် တစ်ယောက်ကို မေးခွန်း  မေးခိုင်းခဲ့ပါတယ်။  နိုဝင်ဘာလ ၃ ရက် ရွေးကောက်ပွဲမှာ   ပြန်လည်အရွေးခံမယ့် သမ္မတ ထရမ့်ဟာ မီဒီယာ တွေနဲ့ အချိန်အတော်ကြာ မပြေမလည်ဖြစ်ခဲ့ပါတယ်။   မကြာသေးခင်ကလည်း သူရဲ့မဲဆွယ်အဖွဲ့ဟာ  နယူးယောက်တိုင်းနဲ့ ဝါရှင်တန်ပို့စ်အပါအဝင် မီဒီယာအတော်များများကို တရားစွဲဆိုခဲ့တယ်လို့ ရိုက်တာက ရေးပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up