ရေနံယိုစိမ့်ခဲ့သည့် ဂျပန်သင်္ဘောကုမ္ပဏီကို မောရစ်သျှအစိုးရ လျော်ကြေးတောင်း

1K
မောရစ်သျှကမ်းလွန်မှာ သန္တာကျောက်တန်းကို ဝင်တိုက်ပြီး ရေနံတန်ချိန် ၁၀၀၀ လောက် ယိုစိမ့်ခဲ့တဲ့သင်္ဘောပိုင် ဂျပန်သင်္ဘောကုမ္ပဏီကို မောရစ်သျှအစိုးရက လျော်ကြေး တောင်းခံထား ပါတယ်။
ဂျပန်သင်္ဘောကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ မောရစ်သျှပြည်သူတွေကို တောင်းပန်ထားပြီး ထိခိုက်နစ်နာမှု အပေါ် သက်ဆိုင်ရာဥပဒေနဲ့အညီ တုံ့ပြန်ဖို့ အသင့်ရှိပါတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ယိုစိမ့်ရတဲ့အကြောင်းရင်းကို မသိရှိသေးဘဲ အပြည့်အ၀ စုံစမ်းသွားမယ်လို့လည်း ဖော်ပြထားပါတယ်။ အမ်ဗွီဝါကာရှီယို(MV Wakashio) သင်္ဘောကနေ ယိုစိမ့်တဲ့ရေနံအများစုကို ရှင်းလင်း ပြီးပြီလို့လည်း သြဂုတ် ၁၂ ရက်မှာ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
တချိန်တည်းမှာပဲ ရေနံယိုဖိတ်တာကနေ သက်သာစေဖို့ မောရစ်သျှနိုင်ငံကို ကူညီပေးမယ့် လူ ၆ ဦးပါ ဘေးအန္တရာယ် လျော့ပါးရေးပညာရှင်အဖွဲ့ တစ်ဖွဲ့ကို ဂျပန်နိုင်ငံက စေလွှတ်ထားတယ်လို့ ရိုက်တာက ရေးပါတယ်။