ကိုယ်စောင့်နတ်ဖိုးပြည့် ကိုယ်တိုင်ရေး/ဆို သီချင်းသစ်-“မနှင်ပါနဲ့တော့”(ရုပ်သံ)
DVB
·
August 14, 2020
ကိုယ်စောင့်နတ်သီချင်းနဲ့ ပရိသတ်တွေကြား နာမည်ကြီးတဲ့ လူငယ်အဆိုတော် ဖိုးပြည့်ရဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။
“မနှင်ပါနဲ့တော့”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ဖိုးပြည့်က ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုထားခဲ့တာဖြစ်ပြီး ROS တေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့အတူ ခံစားနား ဆင်ကြရမှာပါ။
“နှုတ်ခမ်းကနေတောင် ဖွင့်မပြောထွက်တော့… မိုးထဲမှာ တို့တွေ့တာ နောက်ဆုံးပဲ ပေါ့… စွန့်ပစ်လို့ပြီးသား… ဒီမာန်မာနများရော… မိုးနဲ့အတူ တို့မျက်ရည် အကုန်ရော ထွေးသော… Hey… Go Away… မနှင်ပါနဲ့တော့… မြင်သာတဲ့အနားမှာ ရှိခွင့်ပေးပါ… မ ဆုံခင် အလှမ်းဝေး… ကြိုတင်မတွေးသောအရာ… ကြမ္မာဆိုးနှိပ်စက် မိုးတွေသည်းရွာ”
တောင်ကြီးသား လူငယ်အဆိုတော် ဖိုးပြည့်ဟာ ထူးခြားတဲ့ အသံ၊ ဟန်နဲ့ ကိုယ်ပိုင် သံစဉ်သီချင်းတွေကို ကိုယ်တိုင်လည်း ရေး၊ ဆိုလေ့ရှိသူတဦးဖြစ်ပြီး စီးတီးအက်ဖ်အမ်က ရွေးချယ်ဆုချီးမြှင့်တဲ့ ၂၀၁၈ ခုနှစ်အတွင်း ရေပန်းအစားဆုံး မျက်နှာသစ် အဆိုရှင်ဆုကို လည်း ရရှိထားခဲ့သူ ဖြစ်ပါတယ်။
တကိုယ်တော် တေးအယ်လ်ဘမ် “ကိုယ်စောင့်နတ်”ထဲက “သို့”၊ “မျက်နှာဖုံး”၊ “အလွမ်းနဲ့အိမ်” သီချင်းတွေဟာလည်း ထင်ရှားပါတယ်။
ခုအသစ်ထွက်ရှိလာတဲ့ “မနှင်ပါနဲ့တော့”သီချင်းရုပ်သံထဲမှာတော့ တေးသံရှင်ဖိုး ပြည့်ကိုယ်တိုင် အဆိုတော် လိမ္မော်သီးနဲ့အတူ သီဆိုသရုပ်ဆောင်ထားခဲ့တာဖြစ်ပြီး ဒါ ရိုက်တာ သော်ဇင်ထက်ရဲ့ ရိုက်ကူးပုံဖော်မှုတွေနဲ့ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
ဒီသီချင်းရုပ်သံကိုတော့ Myanmar Music Store ၊ Legacy Music ၊ Joox တို့က နေတဆင့် နားဆင်နိုင်သလို ဖိုးပြည့်ရဲ့ တရားဝင် ယူကျုဘ်အင်တာနက်ကွန်ရက်စာမျက် နှာပေါ်မှတဆင့်လည်း ရှုစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။
“ရင်ဘတ်နဲ့ ခံစားတော့… ရင်အကွဲပဲပေါ့… ယောကျ်ားသိက္ခာ မိုးထဲမှာ… အရုပ် ကြိုးပြတ်ပေါ့… စွန့်ပစ်လို့ပြီးသား… ဒီမာန်မာနများရော… မိုးနဲ့အတူ တို့မျက်ရည် အ ကုန်ရောထွေးသော… Hey… Go Away… မနှင်ပါနဲ့တော့… မြင်သာတဲ့အနားမှာ ရှိခွင့် ပေးပါ… မဆုံခင် အလှမ်းဝေး… ကြိုတင်မတွေးသောအရာ… ကြမ္မာဆိုးနှိပ်စက် မိုးတွေ သည်းရွာ”