DVB Logo
Home
မြန်မာသတင်း
မကွေးမြို့တွင် လယ်ယာထွက်ကုန်သီးနှံ ကုန်စည်ဒိုင် စတင်ဖွင့်လှစ်
DVB
·
August 14, 2020
မကွေးမြို့တွင် လယ်ယာထွက်ကုန်သီးနှံ ကုန်စည်ဒိုင် စတင်ဖွင့်လှစ်
1 / 2
Donate to DVB

မကွေးမြို့မှာ ဒေသထွက် လယ်ယာထွက်ကုန်သီးနှံတွေကို တနေရာတည်းမှာ ရောင်းဝယ်နိုင်အောင်လို့ သြဂုတ် ၁၂ ရက်နေ့မှာ မကွေးကုန်စည်ဒိုင်ကို စတင်ဖွင့်လှစ်ပေးလိုက် ပါတယ်။

မကွေးမြို့ ကုန်သည်စက်မှုလုပ်ငန်ရှင်များအသင်း ဦးဖိုးနီး က “အရင်က မကွေးကုန်စည်ဒိုင် ဖွင့်လှစ်ထားပေမယ့်လည်း တင်းတောင်းအချိန်တွယ်စနစ်၊ ကတ္တားအချိန်တွယ်စနစ်တွေ ကွဲပြားနေတာကြောင့် သီးနှံတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ်  အရောင်းဝယ်ပြုလုပ်နေကြတာပါ။ လက်ရှိအချိန်မှာတော့ ကတ္တားအချိန်တွယ်စနစ်ကို အသုံးပြုသူများပြားလာတဲ့အတွက် သီးနှံတွေကို တနေရာတည်းမှာ အရောင်းအဝယ်ပြုလုပ်နိုင်အောင် ကုန်စည်ဒိုင် စတင်ဖွင့်လှစ်ပေးတာပါ”လို့ ပြောပါတယ်။

မကွေးကုန်စည်ဒိုင်ကို နေ့စဉ် မနက် ၈ နာရီခွဲကနေ နေ့လယ် ၁၂ နာရီခွဲအထိ သတ်မှတ်ထားပြီး အပါတ်စဉ် ဥပုသ်နေ့ တစ်ရက်သာပိတ်မှာဖြစ်ပြီး မန္တလေး၊ ရန်ကုန် စျေးကွက်တွေကို အခြေခံပြီး အရောင်းအဝယ်ပြုလုပ်သွားမယ်လို့  ဆိုပါတယ်။

ဒေသအတွင်း လယ်ယာတွေကထွက်ရှိတဲ့ ပဲ၊ နှမ်း၊ ပြောင်း၊ ဝါ၊ ပဲဆီ၊ နှမ်းဆီတွေအပြင် ဒေသထွက်ကုန်မျိုးစုံကို အလေးချိန်မှန်၊ စျေးနှုန်းမှန်ကန်စွာနဲ့ အရောင်းအဝယ် ပြုလုပ်ကြမှာဖြစ်ပြီး ကုန်စည်ဒိုင်အသင်းဝင်မဟုတ်ဘဲ ပြင်ပက လာဝယ်မယ့်သူတွေကိုလည်း ဧည့်ကတ်ပြား ပေးပြီး အရောင်းဝယ်ပြုလုပ်နိုင်အောင်စီစဉ်ထားပါတယ်။

မကွေးကုန်စည်ဒိုင်မှာ အသင်းဝင် ၃၆၀ ကျော်ရှိနေပြီး အကြိမ် ၂၀ ကျော်လောက် ဆွေးနွေး ဆုံးဖြတ်ပြီးမှာ ဒီစနစ်ကိုအကောင်ထည်ဖော် အရောင်းအဝယ်ပြုလုပ်တာဖြစ်တယ်လို့ ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013